loading...

loading...

loading...

ဂိုးသမား ဒီဂီရာလက်စွမ်းပြကာကွယ်နိုင်ခဲ့တာကလည်း ဒီပွဲရဲ့အဖြေကိုပြောင်းလဲစေခဲ့တာပါ။
Ye Yint Htay

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)မှာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို ပေါ့ဂ်ဘာရဲ့ပင်နယ်တီသွင်းဂိုးနှစ်ဂိုးနဲ့အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအတွက် မျှော်လင့်ချက် ပိုမိုအားကောင်းခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်(၃၃)မှာ ဝုဗ်ဗာဟမ်တန်ကို ရှုံးထားတဲ့အတွက် ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ရဖို့ အာရုံစိုက်ကစားခဲ့ပါတယ်။ လူကာကူကို အထောင်တိုက်စစ်မှူးအဖြစ်ထားခဲ့ပြီး မာတာ၊ မာရှယ်၊ လင်ဂတ်တို့ရဲ့တိုးအား၊ လျှင်မြန်မှုတွေနဲ့ ဝက်စ်ဟမ်းခံစစ်ကိုဖိအားပေးဖို့ နည်းပြ ဆိုးလ်ရှားက စီစဉ်ခဲ့တာပါ။

တကယ်တမ်းပွဲကစားချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကစားပုံသိပ်မကောင်းလှပဲ ထိထိရောက်ရောက် ဖိအားပေး ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ ဝက်စ်ဟမ်းကတော့ ခံစစ်ဦးစားပေး ကစားခဲ့ပေမယ့် ကွင်းလယ်က နိုဘယ်ရဲ့ဘောလုံးဖြန့်ဝေမှုတွေေ ကာင်းမွန်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ချီချာရီတို၊ လန်ဇီနီ၊ အန်ဒါဆင်တို့ရဲ့တွဲလုံးတွေက မန်ယူခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ကစားပုံမကောင်းခဲ့ပေမယ့်လည်းပွဲချိန်၁၉မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကို ပေါ့ဂ်ဘာက မာတာကြောင့်ရတဲ့ပင်နယ်တီကို ကန်သွင်းရယူပေးခဲ့တာပါ။ ဒီပင်နယ်တီကလည်း အငြင်းပွားစရာဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းကစားသမားတွေကတော့ စည်းအပြင်မှာဖြစ်ခဲ့တာဆိုပြီး ငြင်းခုန်ခဲ့တာလည်းမြင်တွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်းပြန်စပြီး ပွဲချိန်၄၉မိနစ်မှာတော့ ဂိုးသမားဒီဂီရာနဲ့ ပေါ့ဂ်ဘာတို့ရဲ့ပေါ့ဆမှုကနေတဆင့်ဝက်စ်ဟမ်းတို့ချေပဂိုးရခဲ့ပြီး ဒီပွဲမှာခြေစွမ်းပြခဲ့တဲ့ အန်ဒါဆင်ကအနီးကပ်ပိတ်သွင်းရယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့နှစ်သင်းစလုံးကစားပုံကောင်းလာခဲ့ပြီး အခွင့်အရေးတွေအပြန်အလှန်ရခဲ့ပေမယ့် ဖေဘီယန်စကီးနဲ့ဒီဂီရာတို့အပြိုင်အဆိုင်လက်စွမ်းပြနိုင်ခဲ့ပါတယ်။ ပွဲချိန်မိနစ် ၈၀မှာ မာရှယ်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းပင်နယ်တီထပ်ရခဲ့ပြီး ပေါ့ဂ်ဘာကပဲအမှားအယွင်းမရှိကန်သွင်းရယူခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းရခဲ့တဲ့အပိုင်အခွင့်အရေးအချို့ကို ဂိုးသမား ဒီဂီရာလက်စွမ်းပြကာကွယ်နိုင်ခဲ့တာကလည်း ဒီပွဲရဲ့အဖြေကိုပြောင်းလဲစေခဲ့တာပါ။ ပွဲအပြီး ရမှတ် ၆၄မှတ်နဲ့ အာဆင်နယ်အသင်းပွဲမကစားရသေးချိန်မှာ တစ်မှတ်အသာရကာ အမှတ်ပေးဇယားအဆင့်(၅)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ


loading...

က္က