အသက် ၁၈ နှစ်ပြည့်ချိန်မှာ ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အီတျူရာနိုအသင်း လူငယ်ကြယ်ပွင့် ဂက်ဘရီရယ်မာတီနယ်လီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဘရာဇီးလ်က သတင်းတွေအရ သိရပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၁၇ နှစ်အရွယ် မာတီနယ်လီရဲ့တိုးတက်မှုကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ကင်းထောက်တွေက ပြီးခဲ့တဲ့လတွေရဲ့အသေးစိတ်အစီရင်ခံစာကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီဟာ ၂၀၁၇ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမယ့် UOL ရဲ့သတင်းအရ အာဆင်နယ်အသင်းဟာ မာတီနယ်လီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပြီး အသက် ၁၈ နှစ်ပြည့်မြောက်မယ့် ဇွန်လမှာ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ မာတီနယ်လီကို ဘရာဇီးလ်ကလပ်အသင်းတွေဖြစ်တဲ့ ဖလာမင်ဂို၊ ခရူဇီယို၊ ဆန်းတို့စ်အသင်းတို့က အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး မာတီနယ်လီက ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့အတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။



မာတီနယ်လီရဲ့အေးဂျင့်က မာတီနယ်လီကို အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဘယ်အသင်းကမှ ခေါ်ယူဖို့ အဆိုပြုခြင်းမရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မာတီနယ်လီဟာ ပြီးခဲ့တဲ့နှစ်က ၎င်းရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပြီး ဘယ်တောင်ပံမှာရော၊ ညာတောင်ပံမှာပါ ကစားနိုင်တဲ့ကစားသမားဖြစ်သလို ၂၀၁၉ ခုနှစ်အတွင်း အီတျူရာနိုအသင်းအတွက် ၆ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က