အာတီတာကတော့ ထုတ်ပယ်ခံရဖို့ နီးသထက်နီးလာခဲ့ပါပြီ။

ရှာခါထုတ်ပယ်ခံလိုက်ရချိန်မှာတော့ အာဆင်နယ်ပရိသတ်တချို့က ပွဲကိုဆက်မကြည့်တော့ဘဲ ကွင်းထဲကနေ ထွက်ခဲ့ကြပြီး အာဆင်နယ်အတွက် တော်တော်လေးအရှက်ရစရာမြင်ကွင်းဖြစ်ခဲ့ပါတယ်။


အသင်းအပေါ် အာဆင်နယ်ပရိသတ်တွေ ဘယ်လောက်ထိစိတ်ပျက်နေလဲဆိုတာ ဒီပွဲက သက်သေပါပဲ။ ၂-၀ နဲ့ အရေးနိမ့်နေချိန်မှာ ပွဲကစားချိန်က ၃၆ မိနစ်သာ ရှိပါသေးတယ်။ ဒီအချိန်မှာ ရှာခါထုတ်ပယ်ခံလိုက်ရချိန်မှာတော့ အာဆင်နယ်ပရိသတ်တချို့က ပွဲကိုဆက်မကြည့်တော့ဘဲ ကွင်းထဲကနေ ထွက်ခဲ့ကြပြီး အာဆင်နယ်အတွက် တော်တော်လေးအရှက်ရစရာမြင်ကွင်းဖြစ်ခဲ့ပါတယ်။

ခြေစွမ်းအရလည်း မန်စီးတီးကို ဘယ်နေရာမှာမှ မယှဉ်နိုင်ခဲ့ဘဲ ခံစစ်ကလည်း စိတ်ကြိုက်သာဂိုးသွင်းစမ်းလို့ ဖွင့်ပေးထားသလိုဖြစ်နေခဲ့ရပါတယ်။ ၃ ပွဲကစားပြီးချိန်မှာ ၃ ပွဲစလုံးဂိုးပေးခဲ့ရပြီး ၁ ဂိုးရဖို့အတွက် မနည်းရုန်းကန်နေရတဲ့ အာတီတာရဲ့အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ သူတို့အတွက် အဆိုးရွားဆုံးရာသီအဖွင့်နဲ့ ရင်ဆိုင်နေရပြီလည်းဖြစ်ပါတယ်။ 

အော်ဘာမီယန်ပြန်လည်ပါဝင်လာခဲ့တာကလွဲရင် အာဆင်နယ်က စိတ်ဝင်စားစရာဘာမှမရှိခဲ့ပါဘူး။ ခံစစ်ပိုင်းမှာ ငါးဦးအထိ ထားကစားခဲ့ပေမယ့် ငါးဦးစလုံး အမှားတွေကျူးလွန်ခဲ့ကြပြီး ဆီဒရစ်နဲ့ ကိုလာဆီနက်တို့ကတော့ အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။ ဂွာဒီယိုလာကတော့ ခြေစွမ်းပြနေတဲ့ ဂျီးဆပ်၊ ဖာရန်း နဲ့ ဂရီလစ်တို့ကို တိုက်စစ်မှာ ထားကစားခဲ့ပြီး ဂျီးဆပ်ခြေစွမ်းထပ်ပြခဲ့သလို ဂိုးလည်းရခဲ့ပါတယ်။ 

တစ်ပွဲလုံးမှာ အာဆင်နယ်က ဂိုးကန်သွင်းချက် လက်ငါးချောင်တောင်မပြည့်ခဲ့တဲ့အထိ ဖြစ်နေခဲ့ပါတယ်။ မန်စီးတီးအတွက် ၇ မိနစ်မှာ ဂန်ဒိုဂန်၊ ၁၂ မိနစ်မှာ ဖာရန်း၊ ၄၃ မိနစ်မှာ ဂျီးဆပ်၊ ၅၃ မိနစ်မှာ ရိုဒရီ၊ ၈၆ မိနစ်မှာ ဖာရန်းကနောက်တစ်ဂိုး သွင်းယူပေးခဲ့ကြပြီး ၅-၀ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဒီပွဲအရှုံးကြောင့် အဆင့် ၂၀ အထိ ရောက်ရှိသွားခဲ့ပြီး ပရိသတ်တွေအတွက်တော့ အရှက်ရစရာအတိဖြစ်နေခဲ့ရပြီဖြစ်ပါတယ်။ 



က္က