တံကောက်ကြောဒဏ်ရာရရှိထားတာပါ။

ဒေါ့မွန်ကနေပြောင်းလာတာြဖစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတွေ ရပ်နားထားအပြီး ပြန်အစမှာ အသင်းအတွက် အဓိက ကစားသမားအဖြစ် ပါဝင်ကစားပေးခွင့်ရနေသူ ဖြစ်ပါတယ်။

အသင်းရဲ့ အားထားရတဲ့ အဓိက တောင်ပံ တိုက်စစ် ကစားသမားတစ်ဦးဖြစ်သူ ပူလီဆစ်ရဲ့ တံကောက်ကြောဒဏ်ရာ အခြေအနေနဲ့ပတ်သက်ပြီး နည်းပြ လမ်းပတ်က ချန်ပီယံလိဂ် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာပြောပြသွားပါတယ်။



လမ်းပတ်ရဲ့ ပြောပြချက်အရ ပူလီဆစ်အနေနဲ့ နောက်ထပ် ၆ပတ်လောက် အနားယူရဖို့ရှိနေပြီး လာမယ့် ရာသီသစ်မှ သာ ချဲလ်ဆီးအတွက် ပြန်ကစားပေးနိုင်ဖို့ ရှိနေတယ်လို့လည်း Daily Mail က ဖော်ပြလာပါတယ်။

“သူ့အနေနဲ့ လာမယ့် ရာသီသစ်လောက်မှသာ ပြန်ကစားနိုင်မယ်လို့ ပြောနိုင်ပါတယ်။လောလောဆယ်တော့ သူ့ တံကောက်ကြောဒဏ်ရာကြောင့် အနည်းဆုံး ၆ပတ်လောက်တော့ နားရပါမယ်။”လို့လမ်းပတ်က ဆိုပါတယ်။



ပူလီဆစ်ကတော့ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အသင်းအတွက် အဖွင့်ဂိုးတစ်ဂိုး သွင်းပေးနိုင်ခဲ့ပေမယ့် မတော်တဆ မိမိကိုယ်ကို ဟန်ချက်ပျက်ပြီး တံကောက်ကြောဒဏ်ရာကို ရရှိသွားသူပါ။

ဒါကြောင့် ဒီကနေ့ည(သြဂုတ်လ၉ရက်နေ့မနက် ၁နာရီခွဲ)မှာ ကစားရမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒု-ကျော့ကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က