တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တာပါ။
Kyaw Ko Ko Sint

၂၆ မိနစ်ကတည်းက တစ်ယောက်အသာနဲ့ ကစားခဲ့ရသည့်တိုင် အနိုင်မရတဲ့အပြင် အဓိက တိုက်စစ်မှူးပါ ဒဏ်ရာ ရရှိသွားခဲ့တာပါ။

အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ချဲလ်ဆီး အသင်းရဲ့ အဓိက တိုက်စစ်မှူး အေဘရာ ဟင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။

ဒါကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦး ဒီဇန်နဝါရီမှာ လိုအပ်လာခဲ့ပြီလို့ နည်းပြလမ်းပတ်က ပွဲအပြီးမှာ ထုတ်ဖော်ပြောလာခဲ့ပါတယ်။

ဒီမတိုင်ခင်ကတည်းက လမ်းပတ်အနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူလိုနေတာ ဖြစ်ပေမယ့်လည်း အခုအခါ မှာတော့ အတိအကျကို လိုအပ်လာခဲ့တာပါ။

“ သေချာပေါက် ခေါ်ယူစာချုပ်မယ်လို့တော့ မပြောနိုင်ပေမယ့် ခေါ်ယူဖို့ ရှာဖွေနေတယ်လို့တော့ ပြောနိုင်ပါတယ်၊ ပွဲတစ်ပွဲမှာ လုံလောက်တဲ့ ဂိုးမသွင်းနိုင်ရင် နိုင်ဖို့ မလွယ်ကူနိုင်ပါဘူး။”လို့ လမ်းပတ်က ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကတော့ စတမ်းဖို့ဘရစ်ချ်မှာ လန်ဒန်ဒါဘီအဖြစ် အာဆင်နယ်ကို ဧည့်ခံ ကစားရာမှာတော့ ၂၆ မိနစ်မှာပဲ အာဆင်နယ် နောက်ခံလူ လုဇ် အနီကဒ်နဲ့ ထွက်ခဲ့လို့ အသာစီးနဲ့ ကစားခွင့်ရခဲ့ပါတယ်။



ဒါပေမယ့်လည်း ပွဲအပြီးမှာတော့ အနိုင်မရတဲ့အပြင် အဓိက တိုက်စစ်မှူးပါ ဒဏ်ရာရသွားခဲ့လို့ နှစ်ချက်အထိနာခဲ့ ရတာပါ။

“သူ သိပ်အကြာကြီးမနားရဖို့ မျှော်လင့်ပါတယ်။လက်ရှိအသင်းက အခက်အခဲကာလကို ဖြတ်ကျော်နေရပြီး အာဆင်နယ်နဲ့ပွဲမှာတော့ အနည်းဆုံး ၃ဂိုး ၄ဂိုးလောက်တော့ရခဲ့သင့်တာပါ။”လို့ လမ်းပတ်က ဆက်လက်ပြောပါ တယ်။

အေဘရာဟင်ကတေ့ ချဲလ်ဆီးအသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် တစ်ဦးဖြစ်ပြီး လိဂ်သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူပေး ထားနိုင်သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က