ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့မှုအပေါ် လှောင်ပြောင်ခဲ့တာပါ။
Pyae Phyo Thein

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအပေါ်မှာ လှောင်ပြောင်မှုပြုလုပ်ခဲ့တဲ့ ဗီဒီယိုကိုတင်ထားခဲ့တဲ့အတွက် စပါးအသင်းကွင်းလယ်လူအလီဟာ ပွဲပယ်တစ်ပွဲကျခံခဲ့ရပြီး ဒဏ်ငွေပေါင်ငါးသောင်းပေးဆောင်ဖို့လည်း အပြစ်ချမှတ်ခံခဲ့ရပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအပေါ်မှာ လှောင်ပြောင်မှုပြုလုပ်ခဲ့တဲ့ ဗီဒီယိုကိုတင်ထားခဲ့တဲ့အတွက် စပါးအသင်းကွင်းလယ်လူအလီဟာ ပွဲပယ်တစ်ပွဲကျခံခဲ့ရပြီး ဒဏ်ငွေပေါင်ငါးသောင်းပေးဆောင်ဖို့လည်း အပြစ်ချမှတ်ခံခဲ့ရပါတယ်။ ဒီအတွက်ကြောင့် အလီဟာ ပရီးမီးယားလိဂ်ပွဲတွေပြန်လည်စတင်ချိန်မှာ ကစားရမယ့် ယူနိုက်တက်နဲ့ အရေးကြီးပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ 

Snapchat ပေါ်မှာ တင်ထားခဲ့တဲ့ ဗီဒီယိုအတွက် အလီင်္ဟာလည်း ဝေဖန်မှုအများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုလိုပွဲပယ်ခံရချိန်မှာလည်း သူ့ရဲ့မစောင့်စည်းတဲ့အကျင့်စရိုက်အတွက် နောက်တစ်ကြိမ်ဝေဖန်ခံနေရပြီဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကာယကံရှင်က သူ့ရဲ့အမှားအတွက် အသင်းဖော်တွေကိုလည်း တောင်းပန်ခဲ့ပြီး သူ့ရဲ့အမူအကျင့်အတွက် ဝေဖန်မှုတွေကိုလည်း လက်ခံတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ 

"အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ကျွန်တော့်ရဲ့ အပြုအမူတွေကြောင့် ဖြစ်လာခဲ့တဲ့အရာတွေကို တောင်းပန်ပါတယ်၊ ကျွန်တော့်အမူအကျင့်နဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေဖြစ်နေခဲ့တာတွေအတွက်လည်း နောက်တစ်ကြိမ်တောင်းပန်ပါတယ်၊ ဒီလုပ်ရပ်က ကျွန်တော်တို့ထင်မှတ်ထားတာထက် ပိုပြီးတော့ ဆိုးကျိုးတွေရှိနေခဲ့တဲ့ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တော်တော်လေးဆိုးရွားတဲ့ လှောင်ပြောင်မှုဖြစ်ခဲ့ပါတယ်"

"အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျွန်တော်လေးစားမှုရှိပါတယ်၊ ကျွန်တော့်ရဲ့ ပြုမူမှုတွေက လူမျိုးရေးခွဲခြားတာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ လူမျိုးရေးခွဲခြားမှုမျိုးကို ကျွန်တော်က အမြဲတမ်းအထင်အမြင်သေးပြီး စက်ဆုပ်ရွံရှာမိလို့ပါ၊ ကျွန်တော်တို့ရဲ့ စကားလုံးတွေ၊ လုပ်ရပ်တွေကို ဆင်ခြင်ရမှာပါ၊ ဘာလို့လဲဆိုရင် အားလုံးက အလွယ်တကူပဲ သတိထားမိနိုင်လို့ပါပဲ" လို့ အလီက စပါးအသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် တောင်းပန်စကားဆိုခဲ့ပါတယ်။ 

အလီကတော့ ပြီးခဲ့တဲ့လအတွင်းမှာ နေအိမ်ဖောက်ထွင်းမှုခံခဲ့ရသူဖြစ်ကာ အဖိုးတန်လက်ဝတ်လက်စားတွေ ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ ဒီရာသီမှာလည်း ဒဏ်ရာပြသနာကြောင့် အနားယူနေခဲ့ရတဲ့ အချိန်တွေရှိခဲ့ပြီး လက်ရှိမှာတော့ ပြန်လည်ကောင်းမွန်နေပြီဖြစ်ကာ ယူနိုက်တက်နဲ့ပွဲပြီးမှသာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။


Author


က္က