ဟန်ဒါဆင်ကတော့ မနှစ်က ရှက်ဖီးလ်ကို အငှားချခဲ့ရာမှာလက်စွမ်းပြမှုကြောင့် ပြန်ခေါ်ခြင်းခံထားရသူပါ။

ရှက်ဖီးလ်မှာ မနှစ်က အငှားကစားစဥ် လက်စွမ်းပြနိုင်ခဲ့မှုကြောင့် ယူနိုက်တက်က ပြန်ခေါ်ကာ ၅နှစ် စာချုပ် ထပ်တိုး ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အသင်းနဲ့ ၅နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ဒီယန်ဟန်ဒါဆင်က လက်ရှိ နံပါတ်တစ် ဂိုးသမား ဖြစ်နေတဲ့ ဒီဂီယာကို ပွဲထွက်နေရာအတွက် သတိပေးစကားဆိုလိုက်ပါတယ်။



ဟန်ဒါဆင်ကတော့ မနှစ်က ဘောလုံးရာသီမှာ ရှက်ဖီးလ်ယူနိုက်တက်အသင်းထံ အငှားချခံခဲ့ရပေမယ့်လည်း အသင်းနဲ့အတူ လက်စွမ်းပြကာ ပရီးမီးယားလိဂ်ပွဲ ၃၆ပွဲအထိ ပွဲထွက် ကစားနိုင်ခဲ့ပါတယ်။

ဒီလိုအချိန်မှာ မနှစ်က အမှားတချို့ ကြီးကြီးမားမား ပြုလုပ်ခဲ့တဲ့ ဒီဂီယာရဲ့ ပထမဦးစားပေး ဂိုးသမားနေရာကို ရရှိနိုင်ဖို့ ဆိုးလ်ရှားရဲ့ မျက်စိကျမှုကို အရယူဖို့ ကြိုးပမ်းလာတာပါ။

“ဒေးဗစ်က အသင်းအတွက် အားထားရတဲ့ အဓိက ဂိုးသမားအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ပေးလာသူပါ။အ လားတူပဲ ကျွန်တော့်မှာလည်း အသင်းအတွက် သူ့လို စွမ်းဆောင်နိုင်ရည်ရှိပါတယ်။ဒါကြောင့် အခု ကျွန်တော့်ရဲ့ ပထမဆုံး လေ့ကျင့်ခန်းကစပြီး အသင်းရဲ့ ပွဲထွက် ဂိုးသမားဖြစ်လာနိုင်အောင် ကျွန်တော် ကြိုးစားပါမယ်။ဒါက လည်း ကျွန်တော် အလိုချင်ခဲ့ဆုံး အရာပါပဲ။”လို့ ဟန်ဒါဆင်က ဆိုပါတယ်။

ဟန်ဒါဆင်ကတော့ အသက် ၂၃နှစ်သာရှိသေးပြီး ယူနိုက်တက်မှာ ရှိစဥ် စတော့ပေါ့ခ်ကောင်တီ၊ဂရင်စဘီတောင်း၊ ရှာရီဘူရီတောင်းနဲ့ရှက်ဖီးယူနိုက်တက်အသင်းတို့ထံ အငှားချခြင်းခံခဲ့ရသူပါ။

မနှစ်က ရှက်ဖီးနဲ့ပြသခဲ့တဲ့ လက်စွမ်းကြောင့် သူ့အရည်အချင်းက ပရီးမီးယားလိဂ်မှာ ဆက်လက် တိုက်ပွဲဝင်နိုင် မယ်လို့ သုံးသပ်မှုတွေ ရှိလာပြီးနောက် ယူနိုက်တက်က ပြန်လည်ခေါ်ယူကာ ၅နှစ်စာချုပ် ချုပ်ဆိုလိုက်တာပါ။

ယူနိုက်တက်အသင်းရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီအစကတော့ ပဲလေ့စ်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး စက်တင်ဘာ ၁၉မှာ ကစားရပါမယ်။

Share

Loading Next Article...
က္က