ပူးတွဲတာဝန်ယူပြီး ဘယ်သူကန်သွင်းမလဲ ဆုံးဖြတ်သွားရမှာပါ။
Pyae Phyo Thein

ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ကိုရောက်ရှိပြီးနောက် ပယ်နယ်တီကန်သွင်းဖို့ တာဝန်ယူထားခဲ့ပြီး စုစုပေါင်း ၃ကြိမ်ကန်သွင်းထားရာမှာ အကြိမ်တိုင်းကို ဂိုးအဖြစ်ပြောင်းလဲထားနိုင်ခဲ့ပါတယ်။


ဘုန်းမောက်နဲ့ပွဲမှာ ပယ်နယ်တီကတဆင့် ရက်ရှ်ဖို့ဒ်က ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လက်ကျန်ပွဲစဉ်တွေမှာ ရရှိမယ့် ပယ်နယ်တီတွေကို ဘရူနိုဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ မျှဝေပြီးတာဝန်ယူသွားမယ်လို့ သိရပါတယ်။ မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဒီရာသီမှာ ပယ်နယ်တီ ၁၇ ကြိမ်အထိ ရရှိထားတယ်လို့လည်း သိရပါတယ်။ 

ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ကိုရောက်ရှိပြီးနောက် ပယ်နယ်တီကန်သွင်းဖို့ တာဝန်ယူထားခဲ့ပြီး စုစုပေါင်း ၃ကြိမ်ကန်သွင်းထားရာမှာ အကြိမ်တိုင်းကို ဂိုးအဖြစ်ပြောင်းလဲထားနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က ရာသီအစပိုင်းမှာ အသင်းရဲ့ပယ်နယ်တီကန်သွင်းသူအဖြစ် ရှိနေခဲ့ပေမယ့် ဒဏ်ရာရရှိပြီးနောက်၊ ဘရူနိုရောက်လာပြီးနောက်မှာ သူ့အတွက်အခွင့်အရေးနည်းပါးလာခဲ့ပါတယ်။

ပြန်လည်စတင်ခဲ့တဲ့ပွဲတွေမှာ ဂိုးပေါက်ပျောက်နေခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်ဟာ ဘုန်းမောက်နဲ့ပွဲကရရှိခဲ့တဲ့ ပယ်နယ်တီကို တာဝန်ယူခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပဲလေ့၊ နော်ဝှစ်ချ်တို့နဲ့ပွဲမှာ ပယ်နယ်တီလွဲချော်ခဲ့ဖူးတဲ့ ရက်ရှ်ဖို့ဒ်အပေါ်မှာရော၊ ဖာနန်ဒက်စ်ပေါ်မှာပါ ယုံကြည်မှုရှိတယ်လို့ နည်းပြဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ 

"သူတို့ ပူးတွဲတာဝန်ယူမယ်ဆ်ိုတာက စိတ်ကျေနပ်စရာပါပဲ၊ ဘရူနိုက စပါးနဲ့ပွဲမှာ ပယ်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့ပြီး နောက်တစ်ကြိမ်ရရှိခဲ့ရင် မားကပ်စ်ကန်သွင်းမယ်လို့ ကျွန်တော်ထင်ခဲ့တာပါ၊ ဒါပေမယ့် VAR ကြောင့် မရခဲ့ပါဘူး၊ သူတို့နှစ်ဦးစလုံးအပေါ်မှာ ကျွန်တော်ယုံကြည်မှုရှိပါတယ်၊ စိုးရိမ်စရာဘာမှမရှိပါဘူး၊ ဘယ်သူကန်မလဲဆိုတာကတော့ သူတို့ဆုံးဖြတ်ရမှာပါ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ 


Author


က္က