အိုလ်ဇေးနဲ့ အာဆင်နယ်အသင်းချုပ်ဆိုထားတဲ့ စာချုပ်အရ နောက်နှစ်ကုန်အထိ ရှိနေပါတယ်။
Kyaw Ko Ko Sint

အိုလ်ဇေးကို တစ်ပတ်လုပ်ခ ပေါင်၃သိန်းခွဲပေးချေနိုင်ဖို့ အသင်းမှာရှိတဲ့ ဝန်ထမ်း ၅၅ဦးကို လျော့ချခဲ့ရတယ်လို့ အာဆင်နယ်အသင်းက သတင်းထုတ်ပြန်ထားပါတယ်။

အာဆင်နယ်အသင်းက ရောင်းထုတ်ဖို့ လုပ်ဆောင်နေတယ်လို့သတင်းတွေ ထွက်ပေါ်နေတဲ့ အိုလ်ဇေးက သူ့အနေနဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မကုန်ဆုံးမချင်း အသင်းမှာ ဆက်ရှိနေမယ်လို့ အတည်ပြုပြော လာတဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။

အာဆင်နယ်အသင်းအနေနဲ့လည်း အိုလ်ဇေးရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲကို ပေးချေနိုင်ဖို့ ကိုဗစ်အလွန်မှာ ဝန်ထမ်း ၅၅ဦးကို အလုပ်လျော့ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း အိုလ်ဇေးက သူအသင်းမှာ ဆက်ရှိနေမယ်လို့ ဖော်ပြလာပြီး - “ ကျွန်တော့်နေရာက ရှင်းပါတယ်။ ကျွန်တော်တို့ကြား နားလည်မှုယူထားတဲ့အတိုင်း နောက်ဆုံးရက်အထိ အသင်းမှာ ဆက်ရှိနေမှာပါ။ဒီအတောအ တွင်း ကျွန်တော်အသင်းအတွက် စွမ်းသလောက်ပေးဆပ်သွားမှာပါ။”လို့ အိုလ်ဇေးလ်က The Athletic သတင်းဌာ နကိုပြောလာတာပါ။

အိုလ်ဇေးကို အာဆင်နယ်အသင်းက ၂၀၁၈ခုနှစ်ဖေဖော်ဝါရီတုန်းက ၃နှစ်ခွဲသက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားတဲ့အတွက် နောက်နှစ်ရာသီကုန်လောက်အထိ အသင်းမှာ ဆက်ရှိနေရမှာပါ။

“ကျွန်တော်သွားဖို့ မသွားဖို့ ကျွန်တော်ပဲ ဆုံးဖြတ်မှာပေါ့၊အခြားသူ ဆုံးဖြတ်စရာမလိုပါဘူး။နောက်ပြီး ကျွန်တော်က အများသိထားသလို ၂နှစ်တွေ၃နှစ်တွေ စာချုပ်ချုပ်ခဲ့တာ မဟုတ်ပါဘူး။၄နှစ်ချုပ်ထားတာပါ။အရှင်း ဆုံးဆိုရရင် အရာရာခက်ခဲပါတယ်၊ဒါပေမယ့် အာဆင်နယ်အသင်းကို ကျွန်တော်ချစ်တယ်၊ကလပ်က လူတွေကို လည်း ချစ်တယ်၊နောက်ပြီး လန်ဒန်ကိုလည်းချစ်တယ်၊လန်ဒန်က ကျွန်တော့်အိမ်ပါပဲ။”လို့ အိုလ်ဇေးက ဆိုတာပါ။

အာဆင်နယ်အသင်းအတွက် အိုလ်ဇေးက ကိုဗစ်အလွန်ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်မှာ တစ်ပွဲမျှ ပါဝင် ကစားပေးနိုင်ခဲ့ခြင်းမရှိပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က