၃နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာပါ။
Kyaw Ko Ko Sint

အူဘာမီယန်းရဲ့ စာချုပ်သစ်က ပေါင် ၅၅သန်းတန်ကြေးရှိပြီး ကစားသမားအနေနဲ့ အခြေခံလုပ်ခ ပေါင် ၂သိန်းခွဲ အပြင် အထူးခံစားခွင့်နဲ့ အပိုဆုကြေးတွေအပါအဝင် စုစုပေါင်း ပေါင် ၃သိန်းခွဲ ဝန်းကျင်လောက်ရရှိမှာပါ။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာ အသင်းနဲ့အတူ ၃နှစ်သက်တမ်းတိုး စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပြီး စာချုပ်တန်ဖိုးက ပေါင် ၅၅သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။

The Times သတင်းဌာနက ထွက်ပေါ်လာတဲ့သတင်းအရ အူဘာရဲ့ အခြေခံလုပ်ခက တစ်ပတ်ကို ပေါင် ၂သိန်းခွဲ ဆိုပေမယ့် အပိုဆုကြေးနဲ့ အသင်းအပေါ် သစ္စာရှိပြီး အသင်းမှာ ဆက်နေတဲ့အတွက် ရရှိမယ့် အပိုဆုကြေးတွေ အပါအဝင် ပေါင် ၃သိန်းခွဲ ဝန်းကျင်လောက်ရှိမယ်လို့ သိရပါတယ်။

ဒါကလည်း အူဘာမီယန်းအနေနဲ့ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ အသင်းပြောင်းခဲ့ကြတဲ့ ရှေ့က စီနီယာ ကစးသမားတွေနဲ့မတူပဲ အသင်းအပေါ် သစ္စာရှိစွာ ဆက်လက် ရပ်တည်ပေးခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

အူဘာမီယန်းအနေနဲ့ အခုလို ရရှိလာမယ့် လုပ်ခကြောင့် ပရီးမီးယားလိဂ်မှာ ယူနိုက်တက်က ဂိုးသမား ဒီဂီယာနဲ့ အသင်းဖော် အိုလ်ဇေးတို့ပြီးရင် တတိယမြောက် လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်လာပါတယ်။

အသက် ၃၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါဘွန်တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းနဲ့အတူ မနှစ်က ဘောလုံးရာသီမှာ အက်ဖ်အေဖလားနဲ့ ယခုနှစ် ဘောလုံးရာသီအစမှာ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးပိုင်ဆိုင်ထားနိုင်ပါတယ်။

အဆိုပါ ဆုဖလားတွေအတွက် အရေးပါတဲ့ အနိုင်ဂိုးတွေကိုလည်း အူဘာမီယန်းကပဲ သွင်းယူပေးခဲ့တာတွေက လည်း သူ့ကို အခုလို စာချုပ်သက်တမ်းတိုးပြီး လစာတိုးမြှင့်ပေးချေဖို့ ဖြစ်လာတာတွေပဲ ဖြစ်ပါတယ်။

ယခုနှစ် ဘောလုံးရာသီအစမှာလည်း အူဘာဟာ တိုက်စစ်မှူးကောင်းပီပီ ဖူဟမ်နဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲမှာတင် တစ်ဂိုးစတင် ရယူထားနိုင်ပါပြီ။


ဆက်စပ်အကြောင်းအရာများ


Author


က္က