ဒီနှစ်ဘောလုံးရာသီကမှ ချယ်လ်ဆီးကနေ ပြောင်းရွှေ့လာခဲ့တာပါ။
Pyae Phyo Thein

ဘရာဇီးလ်နောက်ခံလူဟာ ချယ်လ်ဆီးကနေ အာဆင်နယ်ကို ပြီးခဲ့တဲ့နှစ်သြဂုတ်လကမှ ပေါင် ၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။


အာဆင်နယ်အသင်းရဲ့နောက်ခံလူဒေးဗစ်လုဇ်ဟာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေပြီလို့ သိရပါတယ်။ နောက်လအတွင်းမှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် ဒေးဗစ်လုဇ်ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကလပ်အသင်းဘက်က တစ်စုံတစ်ရာပြောဆိုထားခြင်းမျိုးမရှိဘူးလို့ သိရပါတယ်။ 

ဘရာဇီးလ်နောက်ခံလူဟာ ချယ်လ်ဆီးကနေ အာဆင်နယ်ကို ပြီးခဲ့တဲ့နှစ်သြဂုတ်လကမှ ပေါင် ၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းကိုစီယယ်နီရဲ့နေရာကို အစားထိုးဖို့အတွက် ခေါ်ယူခဲ့တာဖြစ်ပြီး ၂နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိခဲ့ရပေမယ့် Sky Sports ရဲ့ ဖော်ပြချက်အရတော့ တစ်နှစ်သာစာချုပ်ချုပ်ခဲ့တာဖြစ်ပြီးတော့ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ပါရှိခဲ့လို့ သိရပါတယ်။ 

ဒေးဗစ်လုဇ်ကတော့ လန်ဒန်မှာဆက်လက်နေချင်တယ်လို့ သူ့ရဲ့သူငယ်ချင်းတွေကိုပြောဆိုခဲ့ကြောင်း သိရပါတယ်။ နည်းပြအမ်မရီလက်ထက်မှာရော၊ အာတီတာလက်ထက်မှာပါ ဒေးဗစ်လုဇ်က ပုံမှန်ကစားခွင့်ရရှိနေသူဖြစ်ပေမယ့် စာချုပ်သက်တမ်းကုန်ဆုံးခါနီးတဲ့အချိန်ထိ အာဆင်နယ်ဘက်က တစ်စုံတစ်ရာလှုပ်ရှားမှုမရှိသေးတာကြောင့် သူ့ရဲ့အာဆင်နယ်ကစားသမားဘဝက ပြီးဆုံးတော့မှာလား ထင်စရာဖြစ်လာခဲ့ပါတ်ယ။

ဒီလအစောပိုင်းက ဒေးဗစ်လုဇ်က ဘရာဇီးလ်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ SporTV နဲ့ တွေ့ဆုံခဲ့ရာမှာ "ကျွန်တော့်ကစားသမားဘဝကို ဘင်ဖီကာမှာ အဆုံးသတ်ချင်တယ်လို့ အမြဲတမ်းပြောဆိုခဲ့ပြီးသားပါ၊ ဘင်ဖီကာကို ကျွန်တော်ချစ်တယ်" လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒေးဗစ်လုဇ်အနေနဲ့ ပေါ်တူဂီကလပ်အတွက် ၂၀၀၇ ကနေ ၂၀၁၁ အထိ လေးနှစ်ကြာကစားခဲ့သူဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က