နည်းပြဘဝမှာ စိန့်ဂျိမ်းပါ့ခ်နိုင်ပွဲကို ပထမဆုံးရခဲ့တာပါ။
Pyae Phyo Thein

ဒီပွဲမတိုင်ခင် တွေ့ဆုံထားခဲ့တဲ့ ၇ ကြိမ်စလုံးမှာ နိုင်ပွဲလုံးဝမရှိထားခဲ့တဲ့ မော်ရင်ဟိုက စပါးနဲ့ကျမှသာ ပထမဆုံးနိုင်ပွဲကိုရရှိခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင်အတွက် မျှော်လင့်ချက်တွေပိုမိုရှိလာခဲ့ပါတယ်။ 


အဝေးကွင်းမှာ နယူးကာဆယ်ကို အနိုင်ယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် စိန့်ဂျိမ်းပါ့ခ်ကွင်းကနေ အပြုံးတွေနဲ့ ပြန်ထွက်လာနိုင်ခဲ့ပြီလို့ စပါးနည်းပြမော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။ သူ့ရဲ့နိုင်ပွဲကြောင့် နယူးကာဆယ်ဂန္ထဝင်နည်းပြကြီးဆာဘော်ဘီရော့ဘ်ဆင်ရဲ့ ရုပ်ထုတောင်မှ ပြုံးရယ်နေခဲ့ပြီလို့လည်း မော်ရင်ဟိုက အရွှန်းဖောက်သွားခဲ့ပါတယ်။ 

ဒီနိုင်ပွဲဟာ မော်ရင်ဟိုအတွက်တော့ ပရီးမီးယားလိဂ်နည်းပြဘဝမှာ နယူးကာဆယ်ရဲ့ကွင်းမှာ ပထမဆုံးအကြိမ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် တွေ့ဆုံထားခဲ့တဲ့ ၇ ကြိမ်စလုံးမှာ နိုင်ပွဲလုံးဝမရှိထားခဲ့တဲ့ မော်ရင်ဟိုက စပါးနဲ့ကျမှသာ ပထမဆုံးနိုင်ပွဲကိုရရှိခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင်အတွက် မျှော်လင့်ချက်တွေပိုမိုရှိလာခဲ့ပါတယ်။ 

ပွဲအပြီးမှာ မော်ရင်ဟိုက "အရမ်းကောင်းတဲ့ခံစားချက်တစ်ခုပါပဲ၊ ဟုတ်ပါတယ်၊ ဒီကွင်းက အင်္ဂလန်မှာ ကျွန်တော်ဘယ်တုန်းကမှ အနိုင်မရဖူးတဲ့ကွင်းပါ၊ ဒီအတွက်တော့ ပြသနာမရှိခဲ့ပါဘူး၊ ဒါပေမယ့်လည်း အသင်းအတွက် ကျွန်တော်အရမ်းပျော်ရွှင်ခဲ့ရပြီးတော့ နောက်ဆုံးမှာ ဒီကွင်းကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်"

"မစ္စတာရော့ဘ်ဆင်ရဲ့ ရုပ်ထုကြီးကတောင်မှ ကျွန်တော့်ရဲ့ နိုင်ပွဲကြောင့် ပြုံးရယ်မောလို့နေပါပြီ၊ အရင်ကဆိုရင် ကျွန်တော်ဒီကွင်းကပြန်တိုင်း သူလည်း စိတ်မကောင်းတဲ့မျက်နှာနဲ့ပါ၊ အခုတော့ ပထမဆုံးအကြိမ်အပြုံးတွေနဲ့ ဒီကွင်းကနေထွက်နိုင်ခဲ့ပါပြီ" လို့ မော်ရင်ဟိုက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ 

မော်ရင်ဟိုကတော့ ဘာစီလိုနာမှာ ဆာဘော်ဘီရော့ဘ်ဆင်နဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိခဲ့ပြီးတော့ ဆရာတပည့်လိုဖြစ်နေခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာ စပါးအတွက် ဆွန်ဟောင်မင်က တစ်ဂိုးနဲ့ ဟယ်ရီကိန်းက နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ 


Author


က္က