အက်စတန်ဗီလာကိုရှုံးပြီး ရှရူဘူရီကို အနိုင်ရခဲ့ပါတယ်။
Kyaw Ko Ko Sint

လီဗာပူး အကယ်ဒမီမှာ ၆နှစ်ခွဲကျင်လည်ခဲ့ပြီးနောက် လိဂ်ဝမ်းကလပ် ဘလက်ပူးလ်အသင်းမှာ စီနီယာ နည်းပြဘဝကို စတင်တော့မှာပါ။

လီဗာပူး ယူ-၂၃အသင်းရဲ့ နည်းပြချုပ် နေးလ်ခရစ္စချ်လေကတော့ ဘလက်ပူးလ်နည်ပြလုပ်ဖို့အတွက် အန်ဖီးလ်ကို စွန့်ခွာသွားခဲ့ပြီလို့ Daily Mailက ဖော်ပြလာပါတယ်။

အသက် ၄၁ နှစ်အရွယ်နေးလ်က လီဗာပူးအကယ်ဒမီမှာ ၆နှစ်ခွဲ ကျင်လည်ခဲ့ပြီးနောက် လိဂ်ဝမ်းကလပ် ဘလက်ပူးလ် အသင်းကို ကိုင်တွယ်ဖို့ စွန့်ခွာခဲ့တာပါ။

ခရစ္စချ်လေအနေနဲ့ ယူ-၂၃ကို နည်းပြ လုပ်နေစဥ်အတွင်း လီဗာပူး စီနီယာပွဲ ၂ပွဲကို တာဝန်ယူ ကိုင်တွယ်ခွင့်ရခဲ့ပါ တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အက်စတန်ဗီလာနဲ့ ကစားခဲ့တဲ့ ကာရာဘောင်ပွဲနဲ့ အက်ဖ်အေပွဲအဖြစ် ကစားခဲ့တဲ့ ရှရူဘူရီပွဲတွေကို ဖြစ်ပါတယ်။

အဲ့ဒီပွဲတွေကို စီနီယာအသင်းက အခြားသော အရေးကြီးပွဲတွေနဲ့ တိုက်ဆိုင်နေတာကြောင့် နည်းပြကလော့ပ်နဲ့ အဖွဲ့သားတွေက မကစားခဲ့ပဲ နေးလ်နဲ့ သူ့လူငယ်တွေက အခွင့်အရေးရခဲ့တာပါ။

ဘလက်ပူးလ်အသင်းကတော့ နေးလ်ကို အလုပ်ကြိုးစားပြီးအလုပ်ကို ပြီးပြည့်စုံအောင် လုပ်တတ်သူဖြစ်လို့ လိုချင် ခဲ့တာလို့ ထုတ်ဖော်ခဲ့ပြီး လီဗာပူး အကယ်ဒမီ ဒါရိုက်တာ အဲလက်စ်ကတော့ ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ဖွင့်ဟခဲ့ပါတယ်။


က္က