ကလော့ပ်လက်ထက် အဆိုးရွားဆုံးအမှတ်ပေးပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်။
Pyae Phyo Thein

ချန်ပီယံအသင်းအဖြစ်နဲ့ ပထမဆုံးကစားခဲ့ရတဲ့ပွဲမှာပဲ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပြီး နည်းပြကလော့ပ်ရဲ့ ပရီးမီးယားလိဂ်နည်းပြဘဝမှာ အဆိုးရွားဆုံးရှုံးပွဲနောက်တစ်ပွဲထပ်တိုးလာခဲ့ပါတယ်။ 


ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးလ်အသင်းဟာ မန်စီးတီးကို လေးဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပြီးနောက် ဆိုးရွားတဲ့မှတ်တမ်းတွေကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ချန်ပီယံအသင်းအဖြစ်နဲ့ ပထမဆုံးကစားခဲ့ရတဲ့ပွဲမှာပဲ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပြီး နည်းပြကလော့ပ်ရဲ့ ပရီးမီးယားလိဂ်နည်းပြဘဝမှာ အဆိုးရွားဆုံးရှုံးပွဲနောက်တစ်ပွဲထပ်တိုးလာခဲ့ပါတယ်။ 

ကလော့ပ်ဟာ မန်စီးတီးကို ၂၀၁၇ တုန်းကလည်း ၅ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပြီး အခုအကြိမ်မှာတော့ လေးဂိုးပြတ်ရှုံးနိမ့်ခဲ့ကာ သူ့အတွက် အဆိုးရွားဆုံးရှုံးပွဲနှစ်ပွဲအဖြစ်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံဖြစ်ခဲ့တဲ့အသင်း အခုလိုဂိုးပြတ်အရေးနိမ့်ခဲ့မှုက ၁၉၉၇-၉၈မှာ အာဆင်နယ်က လီဗာပူးလ်ကို ၄-၀ နဲ့ ဂိုးပြတ်ရှုံးပွဲနဲ့ ပူးတွဲရပ်တည်သွားခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် ပယ်နယ်တီကတဆင့် ဒီဘရိုင်း၊ စတာလင်၊ ဖိုဒန်တို့က သွင်းယူပေးခဲ့ပြီး လီဗာပူးလ်ကွင်းလယ်လူချိန်ဘာလိန်က ကိုယ့်ဂိုးကိုယ်တစ်ဂိုး သွင်းယူခဲ့ပါတယ်။ ပထမပိုင်းမှာပဲ လီဗာပူးလ်တို့ ၃ဂိုးအထိပေးခဲ့ရပြီး ၂၀၁၅ မှာ စတုတ်ကို ၆-၁နဲ့ အရေးနိမ့်တဲ့ပွဲအပြီး ပထမဆုံးအကြိမ် ပထမပိုင်းမှာ ၃ဂိုးပေးခဲ့ရတာလည်းဖြစ်ခဲ့တယ်လို့ Opta က ဖော်ပြခဲ့ပါတယ်။ 

ဒီပွဲစတင်ချိန်မှာတော့ မန်စီးတီးအသင်းဟာ ချန်ပီယံလီဗာပူးလ်ကို လက်ခုပ်တီးဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။ လီဗာပူးလ်ကလည်း အဝေးကွင်းမှာ လူစုံတက်စုံအသုံးပြုခဲ့သလို မန်စီးတီးကလည်း ဂုဏ်သိက္ခာအရအနိုင်ယူဖို့အတွက် ဒဏ်ရာရကစားသမားတွေကလွဲပြီး ကျန်အဓိကကစားသမားတွေကို အသုံးပြုခဲ့ပြီး အီတီဟတ်မှာ ဂိုးပြတ်နိုင်ပွဲရယူသွားခဲ့ပါတယ်။ 


Author


က္က