စပါးကို အနိုင်ရပြီး‌နောက် ‌ပြောသွားတာပါ။

ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ရာသီအစ ၂၁ ပွဲမှာ ပွဲ၂၀နိုင်ပြီး ၁ ပွဲသရေကျကာ ရှုံးပွဲလုံးဝမရှိအောင် လီဗာပူး တစ်သင်းတည်း သမိုင်းတစ်လျှောက် စွမ်းဆောင်ထားနိူင်ပါတယ်။

စပါးကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးအသင်းဟာ ဥရောပ ထိပ်တန်းလိဂ် ၅ ခုရဲ့ သမိုင်းမှာ ပထမဆုံးသော ရာသီအစကနေ လက်ရှိအချိန်ထိ ရလဒ်အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ တစ်သင်း တည်းသော အသင်းဖြစ်လာခဲ့ပါတယ်။



ဒီလို စံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အသင်းရဲ့ နည်းပြချုပ် ကလော့ပ်ကတော့ ဘယ်လို ကောင်းမွန်တဲ့ စံချိန်တွေပဲ ဖြစ်ပါစေ အထူးတလည် ခံစားမနေဘူးလို့ စပါးနဲ့ပွဲအပြီးမှာ ပြောခဲ့တာကိုလည်း BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



ရော်ဘတ်တိုဖာမီနိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၁၆မှတ်ဖြတ်ဦးဆောင်နေတာပါ။

၂၁ ပွဲ ကစားပြီးချိန်မှာတော့ ပွဲ ၂၀ နိုင်ပြီး ၁ ပွဲသာ သရေကျကာ ရှုံးပွဲလုံးဝ မရှိထားတာကြောင့် ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ဒီလို ရလဒ်မျိုးကို လီဗာပူးတစ်သင်းတည်းသာ ပိုင်ဆိုင်ထားနိုင်တာပါ။

“ဒီစံချိန်ကို သိပေမယ့် အထူးတလည်တော့ မခံစားရပါဘူး။ဖလားရမှ ပြီးမှာပါ၊ ဒီမတိုင်ခင်တော့ ဆက်လက် တိုက်ပွဲဝင်ဖို့ကျန်နေပါသေးတယ်။အခုက အစပဲ ရှိပါသေးတယ်။ကျွန်တော်တို့ ဆက်လက်ချီတက်ရပါဦး မယ် ကျွန်တော်တို့ရဲ့ အစုအဖွဲ့က အရမ်းကို တောင့်တင်းခိုင်မာနေပါပြီ။”လို့ ကလော့ပ်က ပြောခဲ့တာပါ။

လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းအနေနဲ့ ရာသီဝက် ကျော်လာပေမယ့် အရှုံးပေးဦးမှာမဟုတ်တာကြောင့် လည်း သတိထား ဆက်လက်တိုက်ပွဲဝင်ရဦးမယ်လို့ ကလော့ပ်ကပြောခဲ့ပါသေးတယ်။

လီဗာပူးအသင်းကတော့ ၁၉ ရက်နေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ဆက်လက် ကစားရပါဦးမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က