ဒီနေ့ည (၉း၃၀) နာရီမှာ ကစားကြမှာပါ။
Pyae Phyo Thein

ဒီနေ့ည (၉း၃၀)နာရီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၃)ထဲက တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ဘရိုက်တန်တို့ရဲ့ ပွဲကို ကစားကြတော့မှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် ရှိလာတဲ့ ယူနိုက်တက်အသင်းကို ဆိုးလ်ရှားက (၇)ပွဲဆက်တိုက် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ပေးနိုင်မှာလားဆိုတဲ့ အချက်က ဒီပွဲကို စိတ်ဝင်စားစရာ ဖြစ်လာစေခဲ့ပါတယ်။ ဘရိုက်တန်အသင်းကလည်း တန်းဆင်းဇုန်နဲ့ ဝေးသထက်ဝေးအောင် ကြိုးစားထားရမှာမို့ အဝေးကွင်းမှာ ယူနိုက်တက်ဆီက အမှတ်ရသလောက်ယူဖို့ ကြိုးစားလာဦးမှာပါ။



နှစ်ဖက်အသင်း ဒဏ်ရာရ/ပွဲပယ်သတင်း

- ဒီပွဲကို ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဘိုင်ယီ ပါဝင်ကစားိုင်တော့မှာပါ။

- အလက်ဆစ်ဆန်းချက်လည်း ဒီပွဲအတွက် အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

- ဘရိုက်တန်အသင်းမှာတော့ ဘီဆွာမာ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။

- ဘရိုက်တန် နောက်ခံလူ ဘာနာဒို တံကောက်ကြောဒဏ်ရာ ရရှိနေပြီး တောင်ပံကစားသမား အစ်ဇ်ကွီရာဒိုလည်း ဒူးဒဏ်ရာ ရရှိနေပါတယ်။

- သြစတြေးလျဂိုးသမား မတ်ရိုင်ယန် နဲ့ အီရန်ကစာသးမား အလီရီဇာတို့ကလည်း အာရှဖလားပွဲ သွားကစားနေလို့ ဒီပွဲကို လွဲချော်မှာပါ။

ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းများ

- ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲ (၁၀)ပွဲစလုံးမှာ ယူနိုက်တက်က ရှုံးပွဲလုံးဝမရှိခဲ့ပဲ (၈)ပွဲနိုင်၊ (၂)ပွဲသရေကျထားခဲ့ပါတယ်။

- ယူနိုက်တက်အနေနဲ့ ဒီပွဲမှာ အနည်းဆုံး (၃)ဂိုးသွင်းယူနိုင်မယ်ဆိုရင် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်း (၄)ပွဲဆက်တိုက် (၃)ဂိုးစီ သွင်းယူနိုင်မှု ဖြစ်လာမှာပါ။

- ဘရိုက်တန်အသင်းဟာ ထိပ်တန်းအသင်း (၆)သင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး အဝေးကွင်းပွဲအားလုံးကို ရှုံးနိမ့်ထားခဲ့ပြီးတော့ သွင်းဂိုးလည်း တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

- ဒီပွဲမှာသာ ယူနိုက်တက် အနိုင်ရခဲ့မယ်ဆိုရင် ဒါဟာ ၂၀၁၇ ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းပွဲ (၆)ပွဲဆက်တိုက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲရရှိတာ ဖြစ်လာမှာပါ။

- ဆိုးလ်ရှားကလည်း ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ယူနိုက်တက်နည်းပြသစ်တစ်ဦးအနေနဲ့ ပထမဆုံးကစားတဲ့ လိဂ်ပွဲ (၆)ပွဲဆက်တိုက် အနိုင်ရမယ့် စံချိန်ကို ရရှိမှာ ဖြစ်ပါတယ်။

- ဘရိုက်တန်နည်းပြ ခရစ္စဟောက်တန်ဟာ ၂၀၁၂-၁၃ ဘောလုံးရာသီက မန်စီးတီးကို နော်ဝှစ်နည်းပြအဖြစ် ၃-၂နဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း အသင်းကြီး (၆)သင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်းနောက်ဆုံး (၁၄)ပွဲကို ရှုံးနိမ့်ခဲ့ပြီး ပေးဂိုး (၄၁)ဂိုးအထိ ရှိခဲ့ပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း

ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်

- ဆိုးလ်ရှားက (၇)ပွဲဆက် အနိုင်ရဖို့အတွက် ပြုလုပ်သွားနိုင်မယ်လို့ ထင်ပါတယ်။ လက်ရှိမှာ သူတို့က အနိုင်ရလိုစိတ်မြင့်မားနေတာပါ၊ သူတို့ ဘရိုက်တန်ကို ဂိုးပြန်ပေးရဖွယ် ရှိပေမယ့်လည်း ဘရိုက်တန်က ထင်သလောက်ခြိမ်းခြောက်နိုင်မှာမဟုတ်ပဲ ရက်ဖို့ဒ် နဲ့ မာရှယ်တို့ရဲ့

ပုံံစံကောင်းရရှိနေမှုက ပိုပြီးတော့ ခြိမ်းခြောက်နိုင်မှာပါ။ ယူနိုက်တက်က ၃-၁ လောက်နဲ့ အနိုင်ရသွားဖွယ် ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က