ပေါင် ၇ သိန်းခွဲနဲ့ ခေါ်ယူခဲ့တာပါ။
Pyae Phyo Thein

အသက် ၁၇ နှစ်အရွယ် မက်နေးလ်ဟာ သူ့ရဲ့ကစားသမားဘဝအစကို ယူနိုက်တက်မှာ ကျင်လည်ခဲ့ပြီးမှ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ကာ ၆ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်စီးတီးလူငယ်အသင်းက ထိပ်တန်းဂိုးသွင်းရှင်မက်နေးလ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇ သိန်းခွဲပေးချေရမှာဖြစ်ပြီး ကစားသမားရဲ့ ပွဲထွက်ခွင့်နဲ့ ခြေစွမ်းပေါ်မူတည်ကာ ပြောင်းရွှေ့ကြေးက ပေါင် ၁.၃၅သန်းအထိ မြင့်တက်လာနို်င်တယ်လို့ မိမိတို့နားလည်ထားကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ် မက်နေးလ်ဟာ သူ့ရဲ့ကစားသမားဘဝအစကို ယူနိုက်တက်မှာ ကျင်လည်ခဲ့ပြီးမှ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ကာ ၆ နှစ်ကြာ ကစားခဲ့သူဖြစ်ပါတယ်။ အသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဖို့အတွက် ငြင်းဆန်ခဲ့ပြီး ယူ-၁၈ အသင်းမှာ အခွင့်အရေးနည်းပါးတယ်လို့ ယူဆကာ စာချုပ်မချုပ်ဆိုဘဲ ထွက်ခွာခဲ့တာလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာကတည်းက ယူနိုက်တက်က မက်နေးလ်ကို ချိတ်ဆက်စောင့်ကြည့်နေခဲ့ပြီး မန်စီးတီးနဲ့လည်း ညှိနှိုင်းမှုတွေပြုလုပ်နေခဲ့ပါတယ်။ မက်နေးလ်ဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ ဂိုးပေါင်း ၆၀၀ ကျော်သွင်းယူထားနိုင်ခဲ့တယ်လို့ သိရပြီး အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရကာ ယူနိုက်တက်အနေနဲ့ သူတို့ကစားသမားဟောင်းကို ပြန်လည်ရရှိခဲ့ပြီဖြစ်ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ အသင်းအကယ်ဒမီအတွက် လူငယ်ကစားသမားအများအပြားကို ခေါ်ယူမှုတွေပြုလုပ်နေပြီး မိုနာကိုကြယ်ပွင့်မက်ဘရီအတွက် ယူရို ၁ဝသန်းအထိ အကုန်အကျခံခဲ့ပါတယ်။ ဘာစီလိုနာက မာ့ဂျူရာဒို၊ ရီးရဲလ်မက်ဒရစ်က အယ်လ်ဗာရိုဖာနန်ဒက်ဇ်၊ အက်သလက်တီကိုမက်ဒရစ်က ဂါနာချိုတို့ကိုလည်း ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။


မက်နေးလ်ကတော့ ယူ၁၈ အသင်းမှာ စတင်ကစားရမှာဖြစ်ပေမယ့် ခြေစွမ်းပြနိုင်ပါက ယူ၂၃ အသင်းဆီကို ပို့ဆောင်ခံရမှာလည်းဖြစ်ပါတယ်။ 


Author


က္က