ချဲလ်ဆီးအနေနဲ့ ကန်တေကို လက်ကျန်ပွဲစဉ်တွေမကစားဖို့ အထူးခွင့်ပြုချက်တစ်ခု ပေးဖို့ရှိနေတာပါ။

လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေပြန်လည်စတင်ဖို့ သေချာခဲ့ပြီးတဲ့နောက် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ေ တွမှာ ပါဝင်လုပ်ဆောင်ဖို့ သဘောတူခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးကွင်းလယ်ကစားသမားဖြစ်သူ ကန်တီအနေနဲ့ COVID-19 ရောဂါအတွက် စိုးရိမ်မှုများရှိနေဆဲဖြစ်ပေမ ယ့် ပြန်လည်စတင်တော့မယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အစောပိုင်းကာလမှာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို ပူးပေါင်းပါဝင်ဖို့ ကြန့်ကြာခဲ့တဲ့ ကန်တီအနေနဲ့ ဆေးစစ်မှုအချို့လာရောက်ခဲ့ယူခဲ့ပေမယ့် နေအိမ်မှာပဲ သီးသန့်လေ့ကျင့်မှုတွေပြုလုပ်နေခဲ့သလို စိုးရိမ်မှုတွေရှိနေခဲ့ တယ်လို့ သတင်းဖော်ပြမှုတွေရှိခဲ့ပါတယ်။



The Athletic ရဲ့ဖော်ပြချက်အရ ကန်တီအနေနဲ့ ယမန်နေ့ကစပြီး အသင်းရဲ့ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းသို့ ရောက်လာခဲ့ပြီး လေ့ကျင့်မှုတွေပြုလုပ်ဖို့ စတင်လုပ်ဆောင်ခဲ့ပေမယ့် တစ်ကိုယ်ရည်သီးသန့်လုပ်ဆောင်မှုတွေ သာပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေအားလုံးကို ၃ကြိမ်စစ်ဆေးခဲ့ရာမှာ စစ်ဆေးမှု ၂,၇၀၀ ကျော်အတွင်း ကူးစက်ခံရသူ ၁၂ ဦးတွေ့ရှိခဲ့တဲ့အတွက် အသင်းအချို့ရဲ့ကစားသမားအများစုကတော့ လေ့ကျင့်မှုတွေပြန်လုပ်ဖို့ စိုးရိမ်မှုတွေရှိ နေဆဲဖြစ်ပေမယ့် ဇွန် ၁ရရက်နေ့မှာပြန်လည်ကျင်းပဖို့ သဘောတူညီမှုရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ အတည်ပြုချက်အရ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို အတိအကျဆုံးပြန်လည်စတင် နေခဲ့ပြီဖြစ်သလို ကစားသမားအားလုံး အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းလုပ်ဆောင်နေပြီး လက်ကျန်ပွဲစဉ်ေ တွ အတွက် ပြင်ဆင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။



က္က