loading...

loading...

loading...

အဝေးကွင်း ၃ပွဲဆက်တိုက် ဂိုးရရှိခဲ့ခြင်းမရှိပါဘူး။
Win Kyaw Min

လီဗာပူးအသင်းအနေနဲ့ အက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကိုအရေးနိမ့်ခဲ့ခြင်းနဲ့အ တူ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီလည်းဖြစ်ပါတယ်။

အက်ဖ်အေဖလားပြိုင်ပွဲတွင် ချဲလ်ဆီးအသင်းကိုအရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်တဲ့ လီဗာပူးအသင်းရဲ့နည်းပြဂျာဂင်ကလေ့ာပ်က ရလဒ််ပိုင်းအတွက် လက်ခံနိုင်သလို ဆိုးရွားလွ န်းတဲ့ အ ခြေ အနေတစ်ရပ်မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့မှုကို dailymail က ဖော်ပြလာပါတယ်။

လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၈တွင် ဝက်ဖို့ဒ်အသင်းကိုအရေးနိမ့်ခဲ့ပြီးတဲ့နောက် အမှ တ်ပေးပွဲပထမဦးဆုံးရှုံးပွဲကြုံတွေ့ခဲ့ရခြင်းနဲ့အတူ ပြိုင်ပွဲစုံနောက်ဆုံးအဝေးကွင်း ၃ပွဲဆက်တိုက်ရှုံးပွဲကြုံ တွေ့ခဲ့ရခြင်းကြောင့် ပရိသတ်အချို့က စိုးရိမ်မှုတွေရှိနေခဲ့တာလည်းဖြစ်ပါတယ်။



“ ပုံမှန်အတိုင်းရဆိုရင် လက်ခံနိုင်တဲ့အခြေအနေပါ။ အခွင့်အရေးအချို့ရရှိခဲ့သလို မတူညီတဲ့အနေအ ထားမျိုးစုံကနေ ဂိုးတွေပေးလိုက်ရတယ်။ နိုင်ပွဲတွေရတယ်၊ အခုရှုံးပွဲတွေပြန်တွေတယ်ဆိုပေမယ့် စိုး ရိမ်စရာအခြေအနေရှိမနေပါဘူး။ အခွင့်အရေးကရှိနေဆဲပါ ။ ဘယ်လိုအနေအထားကမှစိုးရိမ်စရာမရှိ သ လိုဘောလုံးလောကရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေပါ ” လို့ လီဗာပူးနည်းပြကလော့ပ်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

လီဗာပူးအသင်းအနေနဲ့ ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့တွင် အက်သလက်တီကို အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် ဝက်ဖို့ဒ်၊ အက်ဖ်အေဖလားပဥ္စမအဆင့်တွင် ချ ဲလ်ဆီးအသင်းကိုပါထပ်မံအရေးနိမ့်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်သာ မျှော်လင့်ချက်ရှိလာခဲ့တော့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ကာလအတွင်း ပွဲကြပ်ကာလတစ်ခုအဖြစ် ဖြတ်သန်းနေရတဲ့ လီဗာပူးအသင်းအနေနဲ့ အ က်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်အပါအဝင် ဘုန်းမောက်၊ အဲဗာတန်၊ ခရစ္စ တယ်ပဲလေ့စ်တို့ကို ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရင်ဆိုင်ကစားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။


loading...

က္က