ပွဲစဉ်တွေပြန်လည်ကျင်းပဖို့ စိန်ခေါ်မှုတွေရှိနေဆဲပါ။

ဇွန်လဒုတိယအပတ်အတွင်း လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြန်လည်စတင်ဖို့အတွက် သဘောတူညီမှုရ ရှိထားပြီးလည်းဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြန်လည်စတင်ဖို့ ဇွန် ၁၂ရက်နေ့မှာလျာ ထားပေမယ့် ဇွန် ၁၉ရက်ရောက်မှာသာကျင်းပနိုင်ဖွယ်ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိခဲ့ပြီး စပါး-ယူနိုက် တက်တို့ရဲ့ ပွဲစဉ်နဲ့အတူ ပြန်လည်စတင်ဖို့ရှိနေတယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။



လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ကစားသမားအချို့၊ ကွင်းဝန်ထမ်းအချို့မှာ COVID-19 ကူး စက်ခံထားရသူများတွေ့ရှိနေရဆဲဖြစ်သော်လည်း လေ့ကျင့်ရေးအစီအစဉ်များကို ဆက်လက်ပြုလုပ်နေဆဲလည်း ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပွဲစဉ် ၂၉ပြီးကတည်းက ရပ်နားခဲ့တာဖြစ်ပြီး ၃လအကြာမှ ပွဲစဉ်-၃၀ ကိုပြန်လည်စ တင်မှာဖြစ်သလို စပါး-ယူနိုက်တက်၊ ဘုန်းမောက်-ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာ-ချဲလ်ဆီးတို့နဲ့အတူပွဲစဉ် ကောင်းတွေပါဝင်လာမှာလည်းဖြစ်ပါတယ်။

ချန်ပီယံအဖြစ်ရပ်တည်နိုင်ဖို့ ရာနှုန်းပြည့်နီးပါးသေချာနေခဲ့ပြီဖြစ်တဲ့ လီဗာပူးအသင်းအနေနဲ့ လက်ကျန်ပွဲစဉ်တွေ ထဲကနေ ရမှတ် ၆မှတ်ရရှိရုံဖြင့် ချန်ပီယံဖြစ်မယ့်အခြေအနေမှာ အဓိကမြို့ခံပြိုင်ဘက်ဖြစ်တဲ့ အဲဗာတန်အသင်း ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။

ဂျာမနီဘွန်ဒက်စ်လီဂါပွဲစဉ်တွေပြန်လည်စတင်နေပြီဖြစ်သလိုစပိန်လာလီဂါနဲ့အီတလီစီးရီးအေပွဲစဉ်တွေကိုလည်း လာမယ့်ဇွန်လပထမရက်သတ္တပတ်အတွင်း ကျင်းပဖို့ရှိနေတဲ့အတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေပြန်လည်စတင်ဖို့ အတွက် ပရိသတ်အများစုက အလိုက်ရှိနေတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က