loading...

loading...

loading...

ဟယ်ရီကိန်းမပါပေမယ့်လည်း အသင်းကောင်းဖြစ်နေဆဲလို့ ပြောခဲ့တာပါ။
Kg Htet

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းက တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၎င်းတို့ရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းမရှိပေမယ့် ၎င်းတို့ကို ချန်ပီယံလိဂ်မှာ အနိုင်ယူဖို့ ပိုမိုလွယ်ကူမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းက ဒဏ်ရာရရှိနေတဲ့ ဟယ်ရီကိန်း မပါဝင်ဘဲ တွေ့ဆုံယှဉ်ပြိုင်ရမယ့် တော့တင်ဟမ်ဟော့စပါးအသင်းဟာ အနိုင်ယူဖို့ ပိုမိုလွယ်ကူသွားပြီလို့ တွေးခြင်းက မလေးစားရာရောက်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် ဟယ်ရီကိန်းဟာ မန်ချက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ဘယ်ဖက်ခြေချင်းဝတ်အရွတ်စုတ်ပြဲဒဏ်ရာရရှိသွားခဲ့တာဖြစ်ကြောင်း စစ်ဆေးအတည်ပြုခဲ့ပြီးနောက် ယခုရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်တုန်းကလည်း ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် တစ်လကျော်အနားယူခဲ့ရပါတယ်။

“ဟယ်ရီကိန်းက အံ့အားသင့်စရာကောင်းတဲ့တိုက်စစ်မှူးပါ။ ဒါပေမယ့် တခြားလူတွေကို အနိုင်ယူဖို့ ပိုလွယ်သွားပြီလို့ တွေးတာက မလေးမစားလုပ်ရာ ရောက်ပါတယ်”

“သူ မပါဘဲ သူတို့ ကျွန်တော်တို့ကို အနိုင်ယူခဲ့ဖူးပါတယ်။ သူတို့မှာ အရမ်းကောင်းတဲ့ကစားသမားတွေရှိပါတယ်”

“အရင်ကတည်းက သူ မပါဘဲ သူတို့အသင်းက ပွဲစဉ်တွေအများကြီး အနိုင်ရရှိခဲ့ဖူးပါတယ်။ သူ မပါပေမယ့် သူတို့ဟာ အရမ်းကောင်းတဲ့အသင်းဖြစ်နေဆဲပါ။ သိသာနေတာပဲလေ။ သူက အရမ်းကောင်းတဲ့ကစားသမားပါ။ ဒါပေမယ့် အဲဒါက အားလုံးကို ပြောင်းလဲသွားစေမှာမဟုတ်ပါဘူး”

“အဲဒီပွဲက အရမ်းကောင်းတဲ့ပွဲစဉ်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့အတွက်ကတော့ အကုန်ရရင်ရ၊ မရရင်တော့ ဘာမှမယူဘူး”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


loading...

က္က