ဂိုးမရှိသရေပွဲအဖြစ် အဆုံးသတ်ခဲ့ပါတယ်။
Pyae Phyo Thein

ဝက်ဖို့ဒ်က အိမ်ကွင်းမှာ စပါးဆီကနေ အမှတ်ရဖို့ ကစားသွားနိုင်ခဲ့ပြီး ခြောက်ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ရယူသွားခဲ့ပါတယ်။ 


စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ အစောဆုံးပွဲအဖြစ် ဒီနေ့ည ရးဝဝနာရီမှာ ဝက်ဖို့ဒ်နဲ့ စပါးတို့ ကစားခဲ့ကြပါတယ်။ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ အကောင်းဆုံးပုံစံကို ပြသနေပြီး ခြေတက်နေတဲ့ ဝက်ဖို့ဒ်က အိမ်ကွင်းမှာ စပါးဆီကနေ အမှတ်ရဖို့ ကစားသွားနိုင်ခဲ့ပြီး ခြောက်ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ရယူသွားခဲ့ပါတယ်။ 

မော်ရင်ဟိုလက်ထက်မှာ ပရီးမီးယားလိဂ် ၃ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ စပါးက အဝေးကွငး်မှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိအောင် ကစားနိုင်ခဲ့ပေမယ့် ဂိုးရအောင်မသွင်းနိုင်ခဲ့ပါဘူး။ ဟယ်ရီကိန်းမပါဝင်တဲ့ ဒဏ်ကို ခံစားနေရတာဖြစ်ပြီး ဆွန်ဟောင်မင်နဲ့ မော်ရာ၊ အလီတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ 

ဒုတိယပိုင်းမှာ အဲရစ်ဆန်၊ အသစ်ခေါ်ယူထားတဲ့ ဂျက်ဆန်ဖာနန်ဒက်စ်တို့လို တိုက်စစ်အားသန်ကွင်းလယ်လူတွေကို ထည့်သွင်းခဲ့ပေမယ့်လည်း စပါးအသင်းတိုက်စစ်ပိုင်းက အခွင့်အရေးဖန်တီးမှုအားနည်းနေခဲ့ပါတယ်။ မော်ရင်ဟိုအတွက်တော့ တိုက်စစ်ပိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ဖို့ လိုအပ်နေပြီး ဒီပုံစံအတိုင်းဆိုပါက ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ပိုမိုဝေးကွာနေဦးမှာ ဖြစ်ပါတယ်။ 

ဝက်ဖို့ဒ်ကတော့ သူတို့ရဲ့ခြေစွမ်းပိုင်းကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ပြီး အရေးကြီးပွဲစဉ်တစ်ခုမှာ ရမှတ်စုဆောင်းနိုင်ခဲ့ပါတယ်။ တန်ပြန်တိုက်စစ်တွေနဲ့ စပါးကို အခက်တွေ့အောင် ပြုလုပ်နိုင်ခဲ့ပြီး တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ သူတို့ရဲ့အကောင်းဆုံးအားထုတ်မှုတွေကို မြင်တွေ့ခဲ့ရပြီး ပီယာဆန်ကလည်း အသင်းကို အကောင်းဆုံးပုံစံဖြစ်အောင် တည်ဆောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က