စပါးအသင်းက ပေါင်သန်း ၂၀၀ အထိလိုချင်နေတာဖြစ်ပါတယ်။
Kg Htet

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ စပါးအသင်းရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ The Express က ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်ဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက အဲရစ်ဆင်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းတာမျိုး မပြုလုပ်သေးဘူးလို့ သိရပါတယ်။



အဲရစ်ဆင်အတွက် တော့တင်ဟမ်ဟော့စပါးအသင်းက ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀၀ အထိ လိုချင်နေတယ်လို့ သိရပြီး ၂၀၁၃ ခုနှစ်ကတည်းက စပါးအသင်းမှာ ရှိခဲ့တဲ့ အဲရစ်ဆင်ဟာ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။

The Express ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်နေကြပြီလို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ အဲရစ်ဆင်အတွက် ပေးချေရမယ့်ပြောင်းရွှေ့ကြေးကြောင့် စိတ်ဝင်စားမှု လျော့နည်းသွားချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူနဲ့ ချယ်ဆီးတို့က ကြားဖြတ်ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းကြတော့မှာဖြစ်ပါတယ်။ အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူနဲ့ ချယ်ဆီးအသင်းတို့ဟာ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့လည်း ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က