ရှုံးပွဲကြောင့် အဆင့် ၃ မှာရပ်တည်ခွင့် ဆုံးရှုံးလိုက်ရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ နာပိုလီအသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကစားခဲ့ရအပြီး ၂ ရက်အကြာမှာ ထပ် ကစားရလို့လည်း အဓိက ကစားသမားအချို့ကို နည်းပြအူနိုင်းက အနားပေးခဲ့တာကြောင့် ကစားပုံ အနည်းငယ် ပျက်ယွင်းခဲ့တာ တွေ့ရပါတယ်။

အာဆင်နယ်အသင်းကတော့ ရှေ့မှာ အဓိက ပြိုင်ဖက်တွေဖြစ်တဲ့ စပါးနဲ့မန်ယူအသင်းတို့ ရှုံးပွဲကြုံတွေ့မှုကို အခွင့်ကောင်း မယူနိုင်ပဲ ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ၂-၃ ဂိုးနဲ့ လိုက်ရှုံးခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး လက် ကျန် ပွဲစဉ်တွေမှာပိုမို ရုန်းကန်ရပါတော့မယ်။



မနေ့က ကစားခဲ့တဲ့ မန်စီးတီး - စပါးပွဲမှာ စပါးက ၁-၀ နဲ့ အရေးနိမ့်ခဲ့သလို ဒီကနေ့ အစောပိုင်းက ကစားခဲ့တဲ့ အဲဗာတန် - မန်ယူပွဲမှာလည်း မန်ယူက ၄-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ အခုပွဲမှာသာ အာဆင်နယ်အသင်း အနိုင်ရခဲ့ မယ်ဆိုရင် အဆင့်  ၃နေရာကို အမှတ်ဖြတ် တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်းကတော့ လိုက်ရှုံးခဲ့တာပါ။

ဒီကနေ့ပွဲမှာ အာဆင်နယ်အသင်း အချိတ်အဆက်လွဲမှားနေခဲ့ပေမယ့်လည်း ဒါကလည်း အဓိက ကစားသမား အချို့ကို နည်းပြ အူနိုင်းက အနားပေးခဲ့တာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် နောက်ခံလူ မူစတာဖီ အမှားများခဲ့ပြီး ဂိုးသမားလီနိုသာ ပထမပိုင်းမှာ အပိုင်ဂိုးသွင်းခွင့်တွေ မကာကွယ်နိုင်ခဲ့ရင် အာဆင်နယ်အသင်း ဂိုးပိုပေးရဖွယ်ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ အသင်းကြီးတွေ ဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့က နိုင်ပွဲကိုယ်စီရခဲ့လို့ အဆင့် ၁ နဲ့ ၂ နေရာ တွေမှာ ပုံမှန်အတိုင်း ရပ်တည်ခဲ့သလို စပါးနဲ့ အာဆငနယ်က ရှုံးပွဲကိုယ်စီကြုံခဲ့ပေမယ့်လည်း အဆင့် ၃၊၄၊နေရာတွေမှာ ဆက်လက်ရပ်တည်နိုင်ပေမယ့် မန်ယူကတော့ အဆင့် ၆ အထိ ဆင်းသက်ရပ်တည်နေရပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က