ဒူးဒဏ်ရာရရှိထားလို့ပါ။
Kyaw Ko Ko Sint

နိုင်ငံအသင်းနဲ့အတူ နေးရှင်းလိဂ်ပွဲစဥ် ကစားခဲ့ရာမှာ ဒူးဒဏ်ရာ အသေးစား ရရှိခဲ့တာ ဖြစ်ပြီး အနည်းဆုံး တစ်လ ခန့် အနားယူရဖို့ ရှိနေတာပါ။

ရီးရဲတောင်ပံ တိုက်စစ် ကစားသမား ဂါရတ်ဘေးလ်ကို အသင်းဟောင်း စပါးအသင်းက ပြန်လည်ခေါ်ယူခဲ့ရာမှာ ယခုအခါ ကစားသမားအနေနဲ့ ကလပ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းအထိ ရောက်ရှိနှင့်ပြီးလည်း ဖြစ်ပါတယ်။

ဘေးလ်အနေနဲ့ ၂၀၁၃ခုနှစ်က စပါးအသင်းကနေ ရီးရဲအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၈၅သန်းနဲ့ ပြောင်းရွှေ့ သွားခဲ့သူ ဖြစ်ပြီး ၇နှစ်အကြာမှာတော့ အသင်း‌ဟောင်းဆီ အငှားနဲ့ ပြန်ရောက်လာတာပါ။

လက်ရှိမှာ အသင်းနဲ့အတူ ဆေးစစ်မှုတွေလည်း ပြန်လည်ခံယူပြီးခဲ့သလို လေ့ကျင့်ရေးကွင်းမှာ စောင့်နေတဲ့ ပရိသတ်တွေနဲ့လည်း ပြန်လည်တွေ့ဆုံထားခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘေးလ်ကို စပါးနဲ့အတူ ရာသီအစ ပွဲတွေမှာ မြင်တွေ့နိုင်အုံးမှာ မဟုတ်ပဲ အကြောင်းကတော့ ပြီးခဲ့တဲ့ နိုင်ငံအသင်းအတွက် ကစားပေးခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဥ်မှာ ဒူးဒဏ်ရာ အနည်းငယ်ရရှိထားခဲ့လို့ဟု သိရပါ တယ်။

အဆိုပါ ဒဏ်ရာက အသေးစားဆိုပေမယ့် ဒူးဒဏ်ရာဖြစ်တာကြောင့် အနည်းဆုံး အောက်တိုဘာ လဝက်လောက် အထိ အနားယူရဖို့ ရှိနေတာပါ။

စပိန်သတင်းဌာန Marca ရဲ့ ဖော်ပြချက်မှာတော့ ဘေးလ်အနေနဲ့ စပါးနဲ့အတူ ဒုတိမြောက် အဖွင့်ပွဲအဖြစ် လာမယ့် ‌အောက်တိုဘာ ၁၇မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲ(သို့)၂၄မှာ ကစားမယ့် ဘရိုက်တန်နဲ့ပွဲတွေမှာ တစ်ပွဲပွဲပြန်လည်စ တင်ကစားနိုင်မယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က