အသင်းဟောင်းကို ပြနလည်ရောက်ရှိလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသင်း၊ ပရိသတ်၊ နည်းပြဇီဒန်းတို့နဲ့လည်း ဘေးလ်က ဆက်ဆံရေးအဆင်မပြေဖြစ်နေခဲ့ပြီး ဒီရာသီအစမှာတော့ အသင်းဟောင်းစပါးကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။


အသင်းဟောင်းတော့တင်ဟမ်ဟော့စပါးအသင်းကို ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ အသင်းနဲ့အတူ ဆုဖလားတွေရယူသွားဖို့အတွက် ဆာလောင်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ ဘေးလ်ဟာ ၂၀၁၃ မှာ ရီးရဲလ်ကိုကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိ ရရှိခဲ့သူဖြစ်ပါတယ်။ 



ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီတွေမှာ အသင်းအတွက် ပွဲကစားခွင့်ရရှိဖို့ အခွင့်အရေးနည်းပါးလာခဲ့သလို ခြေစွမ်းလည်းမပြနိုင်ခဲ့ဘဲရှိနေခဲ့ပါတယ်။ အသင်း၊ ပရိသတ်၊ နည်းပြဇီဒန်းတို့နဲ့လည်း ဘေးလ်က ဆက်ဆံရေးအဆင်မပြေဖြစ်နေခဲ့ပြီး ဒီရာသီအစမှာတော့ အသင်းဟောင်းစပါးကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ဘေးလ်က "ကောင်းမွန်နှစ်လိုဖွယ်ရာ ပြန်လာခဲ့မှုပါ၊ စပါးက ကျွန်တော့်အတွက်တော့ စပါယ်ရှယ်အသင်းတစ်သင်းပါပဲ၊ ဒီအသင်းမှာ ကျွန်တော့်နာမည်ကို ရေးထိုးထားခဲ့ပါတယ်၊ အခုဆိုရင် ကျွန်တော် ပွဲကစားဖို့ ကြံ့ခို်င်မှုပြည့်ဝနေမယ်လို့ မျှော်လင့်ထားပါတယ်၊ အသင်းကို အမှန်တကယ်ကူညီပေးနိုင်မှာဖြစ်ပြီး ဆုဖလားတွေဆွတ်ခူးနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်" လို့ ပြောဆိုခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။ 

"အသင်းကနေ ထွက်ခွာခဲ့ပြီးတဲ့အချိန်မှာ ဒီအသင်းကို ပြန်လာမယ်လို့ ကျွန်တော်အမြဲတမ်းတွေးထားခဲ့တာပါ၊ အခုက ကျွန်တော့်အတွက် အချိန်ကောင်းပါပဲ၊ ကျွန်တော်ဆုဖလားတွေဆွတ်ခူးဖို့ ဆာလောင်မွတ်သိပ်နေပြီး စိ်တ်ခွန်အားလည်းတိုးပွားနေပါတယ်၊ အသင်းအတွက် အကောင်းဆုံးလုပ်ပေးချင်မိပြီး ပွဲစကစားဖို့ကို မစောင့်နိုင်တော့ပါဘူး၊ ရီးရဲလ်မှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို စပါးအဝတ်လဲခန်းထဲ သယ်ယူလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်" လို့ ဘေးလ်က ထပ်ပြောခဲ့ပါတယ်။

စပါးကတော့ ဂါရတ်ဘေးလ်နဲ့အတူ ရီးရဲလ်ကစားသမားတစ်ဦးပဲဖြစ်တဲ့ ဘယ်နောက်ခံလူရီဂွီလွန်ကိုပါ ေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ဗြိတိန်သမိုင်းမှာ စျေးအကြီးဆုံးကစားသမားအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ရီးရဲလ်အတွက် လာလီဂါမှာ ဂိုးပေါင်း ၈၀ နဲ့ ဖန်တီးမှု ၄၀ ပြုလုပ်ပေးခဲ့ပြီး ၁၀၄ မိနစ်ကစားပြီးတိုင်း တစ်ဂိုး ဒါမှမဟုတ် ဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားပေးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က