ဇွန် ၂ဝမှာ ပြန်စမယ့် ပွဲစဉ်တွေအတွက် လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။
Win Kyaw Min

တောင်ကိုရီးယားတိုက်စစ်မှူးဆွန်ဟောင်မင်အနေနဲ့ စစ်မှုထမ်းခွင့် ကင်းလွတ်ခဲ့ပေမယ့် လိုအပ်ချက်အရ ရက်သတ္တပတ် ၃ပတ်အကြာ စစ်မှုထမ်းခဲ့ရတာလည်းဖြစ်ပါ တယ်။

စပါးတိုက်စစ်မှူးဆွန်ဟောင်မင်က တောင်ကိုရီးယားစစ်တပ်အတွင်း စစ်မှုထမ်းခဲ့စဉ်ကအတွေ့အကြုံအချို့ကို ပြန်လည်မျှဝေခဲ့ပြီး လေ့ကျင့်ခန်းအချို့က ပရော်ဖက်ရှင်နယ်ကစားသမားဘဝအတွက် အထောက်အပံ့ဖြစ်စေ တယ်လို့ Spur.com နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံအတွက် ဘောလုံးကစားနည်းနဲ့အတူ တိုင်းပြည်ဂုဏ်ဆောင်ခဲ့တဲ့ ဆွန်ဟောင်မင်ကို စစ်မှု ထမ်းခွင့်ဖျက်သိမ်းပေးခဲ့ပေမယ့် နောက်ပိုင်းမှာ လိုအပ်ချက်အရ ရက်သတ္တပတ် ၃ပတ်အကြာ အခြေခံစစ်မှုထမ်း သင်တန်းတက်ရောက်ခဲ့ရတာလည်းဖြစ်ပါတယ်။



“ စစ်မှုထမ်းနေစဉ်ကာလအတွင်းအချိန်တွေက တကယ်ကိုပင်ပန်းကြမ်းတမ်းလွန်းပါတယ်။ ဒါပေမဲ့ကစားသမား ဘဝအတွက်ကတော့ ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခုပါ။ အချိန်ကာလအားဖြင့် ကြာရှည်လွန်းပေမယ့် အဖွဲ့ သားအချင်းချင်းကူညီကြတာတွေ၊ လုပ်ဖော်ကိုင်ဖက်စိတ်အပြည့်ရှိတာတွေက တကယ်ကိုတန်ဖိုးရှိတဲ့အချိန်ကာ လတွေပါ။ ကစားသမားဘဝအတွက် အထောက်အပံ့တစ်ခုအဖြစ်ရှိနေခဲ့ပါတယ် ” လို့ ဆွန်ဟောင်မင်ကထုတ် ဖော်ပြောလိုက်တာပါ။

ဆွန်ဟောင်မင်အနေနဲ့ စစ်မှုထမ်းကာလအတွင်း စစ်ဝတ်စစ်စားအပြည့်အစုံနဲ့အတူ ကြံ့ခိုင်ရေးဆိုင်ရာလေ့ကျင့် ခန်းများ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာသန်စွမ်းစေမယ့် လေ့ကျင့်မှုများအပြင် မျက်ရည်ယိုဓာတ်ငွေ့၊ ဓာတုဗေ၊ ဇီဝဗေဒနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်များ၊ ရေဒီယိုဓါတ်သတ္တိကြွနျူကလီယားနည်းပြများကိုပါ လေ့လာခဲ့ရတာပါ။

COVID-19 ကြောင့် ပွဲစဉ်တွေမရပ်နားမီကာလအတွင်း လက်မောင်းဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ဆွန် ဟောင်မင်အနေနဲ့ စစ်မှုထမ်းကာလအတွင်း ပြန်လည်သက်သာလာခဲ့ပြီး လက်ရှိမှာစပါးအသင်းနဲ့အတူ လက် ကျန်ပွဲစဉ်တွေအတွက် လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေပြီလည်းဖြစ်ပါတယ်။


Author


က္က