ဒူးလည်သွားတယ်လို့သိရပြီး အခြေအနေအသေးစိတ်မသိရသေးပါဘူး။
Kyaw Ko Ko Sint

ချဲလ်ဆီးက လိဂ်အဖွင့်မှာလည်း ဘရိုက်တန်နဲ့ စကစားရမှာ ဖြစ်ပြီး လာမယ့် စက်တင်ဘာ ၁၅ရက်နေ့ စတင်ကစား ရမှာပါ။

ဘရိုက်တန်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ ကစားသမားသစ် ဟာကင်ဇီယက် တစ် ယောက် ဒူးဒဏ်ရာရရှိသွားလို့ နည်းပြ လမ်းပတ်အတွက် ဖိအားစတင် ဝင်ရောက်သွားပါပြီ။

ပရိသတ် ၂၅၀၀ရှေ့မှာ ပထမဆုံး ပြန်လည်ကစားခွင့်ရတဲ့ အဆိုပါ ခြေစမ်းပွဲမှာ ချဲလ်ဆီးအသင်းက တိုက်စစ်မှူး သစ် ဝါနာရဲ့ ၄မိနစ်မှာသွင်းယူတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဂရို့စ်က မိနစ် ၉၀မှာ ပင်နယ်တီကတဆင့် ချေပဂိုး သွင်းနိုင်ခဲ့လို့သရေပွဲဖြစ်သွားပါတယ်။

နည်းပြလမ်းပတ်အနေနဲ့ ဟာကင်ဇီယက်နဲ့တီမိုဝါနာကို နှစ်ယောက်ပေါင်း ပေါင်သန်း၉၀နဲ့ ယခုနှစ် နွေရာသီကမှ ခေါ်ယူထားတာပါ။

အသက် ၂၇နှစ်အရွယ်ရှိသေးတဲ့ ဇီယက်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးပေမယ့ နည်းပြ လမ်းပတ်ကတော့ သိပ်အကြာကြီး အနားမယူရလောက်ဘူးလို့ ပြောခဲ့ပါတယ်။

နောက်ထပ်ပြီး ဇီယက်အတွက် အကဲဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပြီး ဒူးလည်သွားတာလို့ အတည်ပြုပေးခဲ့ပါတယ်။

ရာသီသစ်ပြန်စဖို့ကလည်း ချဲလ်ဆီးအတွက် ၂ပတ်သာသာခန့်သာ ကျန်တောာ့ချိန်မှာ ဇီယက်ရဲ့ဒဏ်ရာအခြေ အနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ပူနေကြပါတယ်။

နောက်ထပ်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဂီရော့ဒ်လည်း မိနစ် ၉၀လောက်မှာ ဘရိုက်တန်နောက်ခံလူနဲ့ ခေါင်ချင်း ယှဥ်တိုက်ပြီး ဒဏ်ရာရသွားလို့လူစားလဲခဲ့ရတယ်လို့ သိရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က