ချဲလ်ဆီးနဲ့လီဗာပူးတို့ဟာ ဒီကနေ့ည ၁၀း၀၀ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာပါ။

အပြောင်းအရွှေ့ပိတ်ခံထားရတယ်ဆိုပေမယ့် နည်းပြလမ်းပတ်နဲ့လူငယ်တသိုက်ကတော့ ချဲလ်ဆီးအသင်းကို နိုင်သလောက်စွမ်းဆောင်ထားနိုင်ခဲ့ပြီးပါပြီ။ လီဗာပူးကတော့လက်ရှိအ ချိန်အထိ ပရီးမီးယားလိဂ်မှာအမှားမရှိသေးပါဘူး။ ရလဒ်ပိုင်းအရ နှိုင်းယှဉ်မယ်ဆိုရင်တော့ အသင်းကြီးနှစ်သင်းပီပီ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်လာမှာအသေအချာပါပဲ။ လမ်းပတ် ရဲ့ ချဲလ်ဆီးပဲ အလုပ်ဖြစ်မလား….. နည်းပြဂျာ  ဂင်ကလော့ပ်ရဲ့ လီဗာပူးပဲ အမှားမယွင်းမရှိဆက်ပြီး ခရီးဆက်မလားဆိုတာကတော့  စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်နေခဲ့ပါတ ယ် . . .။

ချဲလ်ဆီး Vs လီဗာပူး

ထိပ်တိုက်တွေ့ဆုံမှု

လီဗာပူး ၂-၂ ချဲလ်ဆီး

လီဗာပူး ၂-၀ ချဲလ်ဆီး

ချဲလ်ဆီး ၁-၁ လီဗာပူး

လီဗာပူး ၁-၂ ချဲလ်ဆီး

ချဲလ်ဆီး ၁-၀ လီဗာပူး

ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၃ပွဲရလဒ်

ဝုလ်ဗာဟမ်တန် ၂-၅ ချဲလ်ဆီး

ချဲလ်ဆီး ၂-၂ ရှက်ဖီးလ်ယူနိုက်တက်

နောဝစ်ချ် ၂-၃ ချဲလ်ဆီး

လီဗာပူးအသင်းရဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၃ပွဲရလဒ်

လီဗာပူး ၃-၁ နယူးကာဆယ်

ဘန်လေ ဝ-၃ လီဗာပူး

လီဗာပူး ၃-၁ အာဆင်နယ်



နှစ်ဖက်အသင်းသတင်းများ

·      ကန်တီနဲ့မေဆန်မောင့်တို့ ဒဏ်ရာပြဿနာရှိနေခဲ့သော်လည်း အသင်းရဲ့လေ့ကျင့်ရေးအစီ အစ ဉ်တွင် ပါဝင်လုပ်ဆောင်နိုင်ခဲ့။

·      အယ်လီဆန်၊ နသန်နီရယ်ကလိုင်း၊ အိုရီဂီ၊ နဘီကီတာတို့အားလုံး လီဗာပူးလူစာရင်းတွင် ပါ၀ င် လာဖွယ်မရှိ။

·      ချဲလ်ဆီးအနေနဲ့ Back 3 ပုံစံကစားကွက်ကို အသုံးပြုပေ မယ့် ကန်တီပါဝင်လာခဲ့မယ်ဆိုရင် ၄- ၃-၃ ကစားကွက်ကို ပြောင်းလဲအသုံးပြုဖို့ရှိနေ။

·      လီဗာပူးနည်းပြကလော့ပ်ကတော့ နာပိုလီနဲ့ချန်ပီယံလိဂ်ပွဲစဉ်က လူစာရင်းကို အပြောင်း အလဲ  ပြုလုပ်ဖို့မရှိသလို မာနေးလ်၊ ဖာမီနို၊ ဆာလက်ဒ်တို့ကိုပဲ အသုံးပြုလာနိုင်။

ပွဲကြိုအချက်အလက်

·      အစဉ်အလာအရ နောက်ဆုံးကစားခဲ့တဲ့ ၁၇၃ပွဲမှာ ချဲလ်ဆီးက ၅၉ပွဲနိုင် ၄၁ပွဲသရေကျပြီး လီဗာ  ပူးက ၇၃ပွဲအနိုင်ရရှိထား။

·      ချဲလ်ဆီးအနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲမှာ ၂ပွဲနိုင် ၂ပွဲသရေ ၂ပွဲရှုံးရလဒ်ရရှိထားပြီး ၁၃ဂိုးသွင်း  ပြီး ၁၀ဂိုးပြန်ပေးထားရ။

·      လီဗာပူးအသင်းကတော့ နောက်ဆုံး ၆ပွဲမှာ ၁ပွဲပဲရှုံးထားပြီး ၅ပွဲနိုင်ထားသလို ၁၃ဂိုးသွင်း ၇ဂိုးပြ  န်ပေးထားခဲ့ရ။

·      လီဗာပူးအတွက် မာနေးလ်၊ ဆာလက်ဒ်တို့က သွင်းဂိုး ၄ဂိုးစီသွင်းယူထားပြီးချဲလ်ဆီးအတွက်  ကတော့ အေဘရာဟမ်တစ်ဦးက ၇ဂိုးအထိသွင်းပေးထားခဲ့။


ဖြစ်နိုင်ဖွယ်လူစာရင်း

ဒဏ်ရာရ/ပွဲပယ်

ချဲလ်ဆီး                 - လော့ဖ်တပ်ချိဖ်၊ ရူဒီဂါ၊ အီမာဆန်၊ ဟက်ဆန်အော့ဒွိုင်းစ်၊ ကန်တီ၊ မေဆ န်ေ မာင့် (ကြံ့ခိုင်မှုမပြည့်ဝ)

လီဗာပူး                  - အယ်လီဆန်၊ နသန်နီရယ်ကလိုင်း၊ နဘီကီတာ၊ အိုရီဂီ။

မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်

ချဲလ်ဆီးကတော့ ကစားသမားအင်အားလိုအပ်ချက်ရှိသလို ဒဏ်ရာရကစားသမားများပြားနေတဲ့အတွ  က်အခက်အခဲအချို့ရှိနေပါတယ်။ လီဗာပူးကတော့ အမှားအယွင်းမရှိပုံစံကောင်းရရှိနေတယ်လို့ပဲ ဆိုရ မှာပါ။ လီဗာပူးပဲ အနိုင်ရဖို့ပိုများပါတယ်။

ခန့်မှန်းရလဒ်

ချဲလ်ဆီး ဝ-၂ လီဗာပူး



က္က