ဘရိုက်တန်နဲ့ပွဲမှာ နို့သောက်ခဲ့ပြီးနောက် ဒီနာမည်ရခဲ့တာပါ။
Pyae Phyo Thein

 ပွဲချိ်န် ၆၄ မိနစ်မှာ လူစားလဲလှယ်ခံခဲ့ရပြီးနောက် နို့သောက်နေတဲ့မြင်ကွင်းကို ရုပ်သံကင်မရာတွေက အမိအရရိုက်ကူးနိုင်ခဲ့ပြီး ပရိသတ်တွေလည်း မြင်တွေ့ခဲ့ရပါတယ်။ 


ဘရိုက်တန်နဲ့ပွဲအပြီး လူစားလဲခံခဲ့ရပြီးနောက် ဘရူနိုဖာနန်ဒက်စ်ဟာ အားပြန်လည်ဖြည့်တင်းဖို့အတွက် နို့သောက်ဖို့ရွေးချယ်ခဲ့ပါတယ်။ ယူနိုက်တက်က ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ခြေစွမ်းပြကာ ၂ဂိုးသွင်းယူပေးခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်း ဖာနန်ဒက််စ်က နောက်ထပ်တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 



ဇန်နဝါရီလကမှ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ အသင်းနဲ့အတူ ၁၅ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ အသက် ၂၅နှစ်အရွယ်ကစားသမားဟာ ပွဲချိ်န် ၆၄ မိနစ်မှာ လူစားလဲလှယ်ခံခဲ့ရပြီးနောက် နို့သောက်နေတဲ့မြင်ကွင်းကို ရုပ်သံကင်မရာတွေက အမိအရရိုက်ကူးနိုင်ခဲ့ပြီး ပရိသတ်တွေလည်း မြင်တွေ့ခဲ့ရပါတယ်။ 

"ဒါက ၁၉၇၀ ပြည့်နှစ်လောက်က နို့ပုလင်းတစ်လုံးနဲ့တူတယ်" လို့ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ပြောဆိုခဲ့ပြီး နောက်ပြောင်ခဲ့တယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ နို့သောက်နေတဲ့မြင်ကွင်းကလည်း လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ယူနိုက်တက်ပရိသတ်အချို့က ဖာနန်ဒက်စ်ကို "The Milkman" လို့ နာမည်ပြောင်ပေးသွားခဲ့ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၈ ပွဲကစားပေးအပြီးမှာပဲ သွင်းဂိုး ၅ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပေးထားခဲ့ပြီးဖြစ်ပါတယ်။ ပြိုင်ပွဲစုံအနေနဲ့တော့ ၁၃ပွဲကစားခဲ့ပြီး ၆ဂိုးသွင်းယူကာ ၄ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း သူ့အနေနဲ့ ယူနိုက်တက်ကစားသမားဘဝမှာ ရှုံးပွဲကို ရင်ဆိုင်ရသေးခြင်းမရှိတာလည်းဖြစ်ပါတယ်။ 



Author


က္က