ဂျာစီသွားပေးခဲ့တာပါ။

ဝုလ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်း အနိုင်ဂိုးမသွင်းခင် ကွင်းလယ်လူတွေဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ နက်ဗက်တို့ကြားမှာ အငြင်းပွားဖွယ်ရာဖြစ်ပွားခဲ့ပါတယ်။ နက်ဗက် ဘောလုံးယူဖို့ကြိုးစားချိန်မှာ ပေါ့ဂ်ဘာကလည်း ဝင်လုခဲ့ပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ဝုလ်ကစားသမားတွေက စောဒကတက်ခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကနေ ရရှိခဲ့တဲ့ အခွင့်အရေးကို ဂရင်းဝုဒ်က အပိုင်အသုံးချပြီး ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဝုလ်ကစားသမားတွေစောဒကတက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ကာ ဂိုးပေးဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ အနေအထားအရလည်း ပေါ့ဂ်ဘာဟာ ပြစ်ဒဏ်ကျူးလွန်မှုတဲ့အနေအထားမှာ ၅၀-၅၀ အနေအထားသာရှိတယ်လို့ ကျွမ်းကျင်သူတို့က သုံးသပ်ခဲ့ကြပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကသာ အခရာဖြစ်တယ်လို့ဆိုခဲ့ကာ မှန်ကန်မှုရှိတယ်လို့ ဆိုခဲ့ကြပါတယ်။


ဒါပေမယ့် ဝုလ်ပရိသတ်တွေကတော့ ပေါ့ဂ်ဘာကို ဒေါသထွက်ခဲ့ကြပြီး ပွဲအပြီးမှာတော့ လူလိမ်၊ လူညာလို့ ၀ိုင်းဝန်းအော်ဟစ်ကာ လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီအချိန်မှာတော့ ပေါ့ဂ်ဘာဟာ ပရော်ဖက်ရှင်နယ်ကစားသမားပီသတဲ့ အပြုအမူနဲ့အတူ အကောင်းဆုံးတုံ့ပြန်သွားခဲ့ပါတယ်။ သူ့ကိုအော်ဟစ်လှောင်ပြောင်နေတဲ့ ပရိသတ်တွေဆီကို သွားရောက်ခဲ့ပြီး ပေါ့ဂ်ဘာက သူ့ဂျာစီကို အမှတ်တရအဖြစ်ပေးကာ အကောင်းဆုံးတုံ့ပြန်သွားခဲ့ပါတယ်။ 


သူ့ရဲ့အပြုအမူအတွက် ဝုလ်ပရိသတ်တွေဟာ အံ့အားသင့်ခဲ့ရပြီး ဂျာစီရရှိခဲ့တဲ့ လူငယ်ပရိသတ်ဆိုရင် တော်တော်လေးကျေနပ်ပျော်ရွှင်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ သူ့ဘေးနားက ပရိသတ်ကလည်း အံ့အားသင့်ခဲ့က ာပါးစပ်အဟောင်းသားဖြစ်ခဲ့ရပြီး နောက်ထပ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကလည်း မယုံနိုင်တဲ့အမူအရာတွေဖြစ်နေခဲ့တာကို ဓာတ်ပုံမှတ်တမ်းတွေအရ အထင်အရှားတွေ့မြင်ခဲ့ရပါတယ်။ 

ပေါ့ဂ်ဘာကတော့ "သူ့ကို ကျွန်တော်မထိခဲ့ပါဘူး၊ ဒါက ပရီးမီးယားလိဂ်ပါ၊ အဲဒါက ၅၀-၅၀ ပါပဲ၊ အပတ်တိုုင်းမှာ ဒါမျိုးတွေဖြစ်နေမှာပဲ၊ ကျွန်တော်တို့ ဘောလုံးရယူနိုင်ခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်" လို့ Sky Sports ကို ပြောဆိုသွားခဲ့ပါတယ်။ 



က္က