ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကို သုံးသပ်ခဲ့တာပါ။

လက်ရှိမှာ ရော်နယ်ဒိုဟာ မန်စီးတီးကို ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေပြီလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်။


ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်းဝိန်းရွန်နီက မန်စီးတီးနဲ့ လီဗာပူးလ်အတွက် သူဆိုရင် ဘယ်တော့မှကစားပေးမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့အခြေအနေတွေနဲ့ ပတ်သက်ပြီး talkSPORT နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒါဘီနည်းပြက ပြောဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့အသင်းဖော်ဟောင်းကိုလည်း ပြောင်းရွှေ့မယ်လို့ မထင်ဘူးလို့ ဆိုခဲ့ပါတယ်။


လက်ရှိမှာ ရော်နယ်ဒိုဟာ မန်စီးတီးကို ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေပြီလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အေးဂျင့်ဂျော့မန်ဒက်စ်က ညှိနှိုင်းမှုတွေပြုလုပ်နေပြီး မန်စီးတီးက ၂ နှစ်စာချုပ်၊ တစ်နှစ်လုပ်ခလစာ ယူရို ၁၅ သန်း ပေးချေသွား ဖို့ ကမ်းလှမ်းထားပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုတောင်ရရှိပြီးပြီလို့ မနေ့ကပဲ Independent က ဖော်ပြခဲ့ပါတယ်။


ဒါပေမယ့် ယူနိုက်တက်မှာ ရော်နယ်ဒိုနဲ့ ၅ နှစ်ကြာတွဲကစားခဲ့တဲ့ ၀ိန်းရွန်နီကတော့ ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး "ဘယ်လိုတွေလုပ်မလဲဆိုတာကိုတော့ ကျွန်တော်မသိဘူး၊ ဒါ ရိုးရိုးသားသားပြောတာပါ၊ ဒီအပြောင်းအရွှေ့ကဖြစ်နိုင်လားလို့ ကျွန်တော့်ကိုမေးခဲ့မယ်ဆိုရင်တော့ ဖြစ်လာနိုင်ဖို့အပေါ်မှာ ကျွန်တော် အကြီးအကျယ်သံသယရှိနေပါတယ်၊ ရော်နယ်ဒိုက ယူနိုက်တက်မှာ သမိုင်းကြောင်းကောင်းခဲ့ပြီး ငွေကြေးအတွက်နဲ့တော့ သူ ပြောင်းမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"


"ပြောင်းရွှေ့မှာလားဆိုတာလည်း ကျွန်တော်သေချာမသိဘူး၊ တကယ်လို့ ဂျူဗီက သူထွက်မယ်ဆိုရင် ပီအက်စ်ဂျီကိုပြောင်းတာက ပိုကောင်းဦးမယ်၊ ယူနိုက်တက်ရဲ့နာမည်ကြီး၊ ဂန္ထဝင်ကစားသမားတွေ မန်စီးတီးကို ပြောင်းတာမျိုးလည်းရှိခဲ့ပါတယ်၊ ရှမိုက်ကယ်၊ အန်ဒီကိုးလ်တို့ပေါ့၊ မာ့ဟုချ်ဆို နည်းပြဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့်

အရင်တုန်းကပါ၊ သူတို့က ရော်နယ်ဒိုရဲ့ အဆင့်မျိုးလည်းမဟုတ်ပါဘူး၊ ယူနိုက်တက်မှာ သမိုင်းကြောင်းကောင်းခဲ့တာကို ရော်နယ်ဒို ဂုဏ်ယူနေတာ ကျွန်တော်သိတယ်"


"မိသားစုအတွက်၊ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့်ဟာကိုပဲ လုပ်ဖို့လိုပါတယ်၊ ကျွန်တော်ဆိုရင်တော့ မန်စီးတီးနဲ့ လီဗာပူးလ်အတွက် မကစားဘူးဆိုတာ အားလုံးသိပါတယ်၊ ဒါက ကျွန်တော့်အတွက်ဟုတ်ပေမယ့် တခြားသူတွေကတော့ ကွဲပြားခြားနားနေမှာပါ၊ ကစားသမားတွေက သူတို့မပြောင်းချင်တဲ့အသင်းကို ရောက်တာမျိုးတွေလည်းရှိပြီး ငွေကြေးက ရွေးချယ်စရာတစ်ခုအဖြစ်ရှိနေတယ်လို့ ကျွန်တော်ထင်တယ်၊ ဒါကို တချို့လူတွေဆီက ကျွန်တော်တွေ့ခဲတ့ာပါ၊ ကျွန်တော့်အတွက်ကတော့ ဒါက ရွေးချယ်စရာမဖြစ်နိုင်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ 



က္က