အင်္ဂလန်အတွက် ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။

ရက်ပေါင်း ၁၀၀၀ ကျော်အတွင်းမှာ အင်္ဂလန်အတွက် ပထမဆုံးအကြိမ်အဖြစ် လင်ဂတ်က ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပြီး ပထမဂိုးသွင်းယူအပြီး သူ့ရဲ့အောင်ပွဲခံဟန်ကတော့ ထူးခြားနေခဲ့ပါတယ်။


မနေ့က ကစားခဲ့တဲ့ အင်္ဂလန်နဲ့ အန်ဒိုရာပွဲစဉ်မှာ လင်ဂတ်က အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ ၄-၀ နဲ့ အင်္ဂလန်က အနိုင်ရရှိခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းမှာ တကျော့ပြန်ရွေးချယ်ခံခဲ့ရတဲ့ လင်ဂတ်က ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ ရက်ပေါင်း ၁၀၀၀ ကျော်အတွင်းမှာ အင်္ဂလန်အတွက် ပထမဆုံးအကြိမ်အဖြစ် လင်ဂတ်က ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပြီး ပထမဂိုးသွင်းယူအပြီး သူ့ရဲ့အောင်ပွဲခံဟန်ကတော့ ထူးခြားနေခဲ့ပါတယ်။

လင်ဂတ်ဟာ သူ့ရဲ့ပင်တိုင် Jlingz အောင်ပွဲခံဟန်ကို ရော်နယ်ဒိုရဲ့ Siu အောင်ပွဲခံဟန်နဲ့ ရောနှောကာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အောင်ပွဲခံဟန်ကို ပရိသတ်တွေသဘောကျနေခဲ့ပြီး လူပြောများတဲ့ အကြောင်းအရာဖြစ်လာခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်မရသေးပေမယ့်လည်း သူ့ရဲ့အခုလိုခြေစွမ်းပြမှုက နေရာတစ်နေရာပြန်ရဖို့အတွက် မျှော်လင့်ချင်စရာကောင်းလာခဲ့ပြီလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လင်ဂတ်က သူ့ရဲ့အောင်ပွဲခံဟန်နဲ့ပတ်သက်ပြီးတော့ ရှင်းပြခဲ့ပါတယ်။ "ဟုတ်ပါတယ်၊ ကျွန်တော်နဲ့ မေဆန်မောင့်တို့ ဒီတစ်ပတ်မှာ အဲဒီလိုအောင်ပွဲခံဖို့ကို စဉ်းစားနေခဲ့တာပါ၊ ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်နဲ့ ကျွန်တော့်ရဲ့အောင်ပွဲခံဟန်ကို ရောစပ်ပြီးတော့ လုပ်ခဲ့တာပါ၊ အဲဒီလိုလုပ်မယ်လို့လည်း ကျွန်တော်ပြောခဲ့ပါတယ်၊ ဒါက ရော်နယ်ဒို ကျွန်တော်တို့အသင်းဆီရောက်လာတာကို မဖြစ်စလောက်လက်ဆောင်အနေနဲ့ ကြိုဆိုတာလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် သူ အသင်းမှာ အမြန်ဆုံးအထိုင်ကျပြီး ကျွန်တော်တို့ကို အကောင်းဆုံးကူညီပေးနိုင်မှာပါ" လို့ BEIN Sports ကို ပြောဆိုခဲ့ပါတယ်။


အင်္ဂလန်အတွက်နောက်ထပ်ဂိုးတွေကိုတော့ အာဆင်နယ်ကစားသမားဆာကာနဲ့ ပင်နယ်တီကတဆင့် ဟယ်ရီကိန်းက သွင်းယူခဲ့ပါတယ်။ လင်ဂတ်ရဲ့ ဒုတိယမြောက်ဂိုးအတွက် ဆာကာက ဖန်တီးပေးနိုင်ခဲ့သလို ဆာကာရဲ့ ပွဲသိမ်းဂိုးအတွက်လည်း လင်ဂတ်က ပြန်လည်ဖန်တီးပေးခဲ့ကာ သူတို့နှစ်ဦးရဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ဝေဖန်သုံးသပ်သူ ရွိုင်ကိန်းကတော့ နှစ်သင်းစလုံး ကစားပုံညံ့ဖျင်းခဲ့ကြပြိး လင်ဂတ်ဆီက ကောင်းမွန်တဲ့ သွင်းဂိုး ၂ ဂိုးကိုသာ မြင်တွေ့ခဲ့ရတယ်လို့ သုံးသပ်ခဲ့ပါတယ်။



က္က