တိုက်စစ်ကစားသမားရှားပါးမှုပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။

လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အင်တာမီလန်အသင်းဆီ အပြီးသတ်/အငှားနဲ့ ပို့ဆောင်ခဲ့အပြီးမှာ ယူနိုက်တက်အသင်းမှာ စီနီယာတိုက်စစ်မှူးအဖြစ် မာရှယ် နဲ့ ရက်ရှ်ဖို့ဒ်တို့ နှစ်ဦးတည်းသာ ရှိတော့တာဖြစ်ပါတယ်။

တိုက်စစ်ကစားသမားရှားပါးမှုပြသနာနဲ့ ရင်ဆိုင်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဆိုးလ်ရှားက ဇန်နဝါရီလမှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူမယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အင်တာမီလန်အသင်းဆီ အပြီးသတ်/အငှားနဲ့ ပို့ဆောင်ခဲ့အပြီးမှာ ယူနိုက်တက်အသင်းမှာ စီနီယာတိုက်စစ်မှူးအဖြစ် မာရှယ် နဲ့ ရက်ရှ်ဖို့ဒ်တို့ နှစ်ဦးတည်းသာ ရှိတော့တာဖြစ်ပါတယ်။

တိုက်စစ်ကစားသမားဝယ်ယူဖို့အတွက် ကြိုးစားခဲ့ပေမယ့် ခေါ်ယူဖို့ကြိုးစားမှု မအောင်မြင်ခဲ့ဘူးလို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပြီး ဇန်နဝါရီမှာ ခေါ်ယူဖို့အတွက် စီစဉ်ထားတယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ လိုင်ယွန်တိုက်စစ်မှူးဒမ်ဘီလီကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ်နဲ့လည်း ယူနိုက်တက်က သတင်းပြန်လည်ထွက်ရှိလာခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ဇူကစ်နဲ့ ဒီဘာလာတို့ကို ယူနိုက်တက်က ချိတ်ဆက်ခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့တာတာဖြစ်ပါတယ်။ ဒီအတွက် လာမယ့်ဇန်နဝါရီမှာ ခေါ်ယူသွားဖို့ ပြန်လည်အားထုတ်နေပြီး ဒမ်ဘီလီ၊ မန်ဇူကစ်၊ ဆန်ချို နဲ့ ဘီလ်ဘာအိုတိုက်စစ်မှူး ဝီလီယံတို့ကို စောင့်ကြည့်မှုတွေပြုလုပ်နေပြီလို့လည်း သိရပါတယ်။

"အလက်ဆစ်နဲ့ ရိုမီလူကို ထွက်ခွာခွင့်ပြုခဲ့ပြီးနောက်မှာ တိုက်စစ်ကစားသမားပြန်ခေါ်ယူရမယ်ဆိုတာ ရှင်းပါတယ်၊ ကျွန်တော်တို့ အရည်အသွေးရှိတဲ့ ကစားသမားတချို့ကို ရှာဖွေခဲ့ပြီး ကျွန်တော်တို့လိုချင်တဲ့ ကစားသမားကိုတော့ မရခဲ့ပါဘူး၊ အသင်းအတွက် ကစားပေးချင်တဲ့သူမျိုး၊ အသင်းမှာ ရေရှည်ကစားပေးမယ့်သူမျိုးကိုပဲ ကျွန်တော်တို့ ခေါ်ယူချင်ပါတယ်"

"လူကာကူကတော့ သူကိုယ်တိုင်အသင်းမှာ မရှိချင်တော့တာပါ၊ သူ့အနေနဲ့ အသင်းကထွက်ခွာရမယ့်အချိန်ဆိုတာကိုလည် းသူသိခဲ့ပါတယ်၊ ကျွန်တော်တို့ သွင်းဂိုးတွေ အများကြီးလိုအပ်နေတယ်ဆိုတာတော့ သေချာပါတယ်၊ တိုးတက်မှုတွေရှိလာဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ လက်ရှိမှာ မာရှယ် နဲ့ ရက်ရှ်ဖို့ဒ်တို့ ဒဏ်ရာပြသနာနဲ့ရင်ဆိုင်နေရပြီး လူငယ်တိုက်စစ်မှူးဂရင်းဝုဒ်တစ်ဦးတည်းသာ ကြံ့ခိုင်မှုအပြည့်အဝရှိနေပြီး အာဆင်နယ်နဲ့ ကစားရမယ့် ဒီနေ့ပွဲအတွက် အခက်ကြုံနေပြီဖြစ်ပါတယ်။



က္က