ထိန်းချုပ်ဖို့ထက် စကားပြောဆိုမှုမှာ နစ်မြောသွားခဲ့တာပါ။
Pyae Phyo Thein

ဗီလာကို ပေးခဲ့ရတဲ့ ဂိုးမှာ အော်ဘာမီယန်ရဲ့ ပေါ့လျော့မှုတွေအများကြီးရှိနေခဲ့ပြီး တိုင်ရွန်မင်းစ်ကို လူကပ်ဖို့အာရုံမစိုက်ခဲ့တဲ့ သူ့အပြုအမူက လူမှုကွန်ရက်တွေပေါ်မှာ ရေပန်းစားနေပြီဖြစ်ပါတယ်။


အက်စတွန်ဗီလာနဲ့ပွဲကို အရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေဟာ အသင်းခေါင်းဆောင်အော်ဘာမီယန်ရဲ့ အမူအကျင့်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ ဗီလာကို ပေးခဲ့ရတဲ့ ဂိုးမှာ အော်ဘာမီယန်ရဲ့ ပေါ့လျော့မှုတွေအများကြီးရှိနေခဲ့ပြီး တိုင်ရွန်မင်းစ်ကို လူကပ်ဖို့အာရုံမစိုက်ခဲ့တဲ့ သူ့အပြုအမူက လူမှုကွန်ရက်တွေပေါ်မှာ ရေပန်းစားနေပြီဖြစ်ပါတယ်။ 

ပွဲအပြီးထွက်ပေါ်လာခဲ့တဲ့ ရုပ်သံတွေအရ အော်ဘာမီယန်ဟာ တိုင်ရွန်မင်းစ်ကို လူကပ်ပြီးထိန်းချုပ်ရမယ့်အစား နောက်ပြောင်ကျီစယ်နေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အော်ဘာမီယန်ဟာ တိုင်ရွန်မင်းစ်နဲ့ စကားပြောဆိုနေခဲ့ပြီး မင်းစ်ရဲ့ ပြောဆိုမှုအပေါ်မှာ သဘောကျရယ်မောနေချိန်မှာပဲ ထောင့်ကန်ဘောကန်တင်ပေးတာကို တိုင်ရွန်မင်းစ်က ပြေးထွက်သွားပြီး ခေါင်းတိုက်ဖို့ကြိုးစားခဲ့ပါတယ်။



သူ့ရဲ့ကြိုးစားမှုကြောင့်ပဲ အာဆင်နယ်ဂိုးသမားနဲ့ နောက်တန်းကစားသမားတွေ အငိုက်မိခဲ့ပြီး ဘောလုံးက ထရက်ဇီဂေးရှေ့ကို ရောက်ရှိသွားခဲ့ကာ အပြင်းကန်သွင်းပြီး ဂိုးရယူသွားခဲ့ပါတယ်။ အော်ဘာမီယန်သာ အာရုံစိုက်ပြီးတော့ တိုင်ရွန်မင်းစ်ကို ထိန်းချုပ်ခဲ့မယ်ဆိုရင် အဆိုပါဂိုးကို ပေးစရာလိုမှာမဟုတ်ဘဲ ပွဲရလဒ်ကလည်း အလှည့်အပြောင်းဖြစ်သွားခဲ့မှာပါ။ 

တိုင်ရွန်မင်းစ်ပြေးထွက်သွားချိန်မှာတော့ အော်ဘာမီယန်က အလန့်တကြားနဲ့ လိုက်လံဟန့်တားဖို့ကြိုးစားခဲ့ပေမယ့်လည်း သူ့ထက် ခြေတစ်လှမ်းမကသာသွားခဲ့ပြီဖြစ်ပါတယ်။ မင်းစ်က ဘောလုံးကို ခုန်တိုက်ဖို့ ကြိုးစားခဲ့မှုက မအောင်မြင်ခဲ့ပေမယ့် သူ့ရဲ့လှုပ်ရှားဟန်ကြောင့် အာဆင်နယ်ခံစစ်ပိုင်းစုစည်းထားမှု ပြိုကွဲခဲ့ပြီး ဂိုးပေးခဲ့ရပါတယ်။ 

အော်ဘာမီယန်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ပရိသတ်တစ်ဦးက "အူဘာအနေနဲ့ ဒီအခိုက်အတန့်ထဲမှာ နစ်မြောမနေခဲ့သင့်ဘူး" လို့ ရေးသားခဲ့ပါတယ်။ အခြားတစ်ဦးကလည်း "ရွိုင်ကိန်းအတွက်တော့ ဒီပွဲကို သူ တာဝန်မယူရတာ ဝမ်းနည်းစရာဖြစ်နေလိမ့်မယ်၊ တကယ်ဆို သူ ရှိနေခဲ့သင့်တာ' လို့ ပြောဆိုပြီး ရွိုင်ကိန်းသာ ပွဲတင်ဆက်သူဖြစ်ခဲ့ရင် အော်ဘာမီယန်သက်သာမှာမဟုတ်ဘူးလို့ ရည်ညွှန်းသွားခဲ့ပါတယ်။ 


Author


က္က