ခွင့်ပြုချက်မရှိဘဲ သွားလေ့ကျင့်ခဲ့တာပါ။
Pyae Phyo Thein

တက္ကသိုလ်တာဝန်ရှိသူတစ်ဦးက လာရောက်တားမြစ်ခဲ့ရတာဖြစ်ပြီး ယူနိုက်တက်အသင်းဖော်နှစ်ဦးဟာ စိတ်ပျက်လက်ပျက်နဲ့ ပြန်လည်ထွက်ခွာခဲ့ရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူနှစ်ဦးဖြစ်တဲ့ ဖိုဆူမန်ဆာနဲ့ အာရွန်ဝမ်ဘစ်စ်ကာတို့ဟာ ချက်ရှိုင်းယားဒေသက တက္ကသိုလ်ဘောလုံးကွင်းတစ်ခုမှာ ခွင့်ပြုချက်မရှိဘဲ သွားရောက်လေ့ကျင့်နေစဉ် တားမြစ်ခံခဲ့ရပါတယ်။ တက္ကသိုလ်တာဝန်ရှိသူတစ်ဦးက လာရောက်တားမြစ်ခဲ့ရတာဖြစ်ပြီး ယူနိုက်တက်အသင်းဖော်နှစ်ဦးဟာ စိတ်ပျက်လက်ပျက်နဲ့ ပြန်လည်ထွက်ခွာခဲ့ရပါတယ်။

ယူနိုက်တက်ကစားသမားနှစ်ဦးအနေနဲ့ အစိုးရက တိကျတဲ့စည်းမျဉ်းသတ်မှတ်ထားမှုမရှိတဲ့အခြေအနေမှာ အတူတကွသွားရောက်လေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။ ဗြိတိန်အစိုးရ ဇွန်လ ၁ ရက်နေ့ကစပြီး အားကစားပွဲတွေကို ကွင်းပိတ်ကျင်းပဖို့ ခွင့်ပြုပေးခဲ့ပေမယ့် အိမ်သားမဟုတ်တဲ့ အပြင်လူတစ်ဦးနဲ့ အတူတကွအပြင်ထွက်ကာ လေ့ကျင့်မှုပြုလုပ်ဖို့ တိကျတဲ့ သတ်မှတ်မှုမရှိသေးတာလည်းဖြစ်ပါတယ်။ 

ဘစ်စ်ကာနဲ့ ဖိုဆူမန်ဆာတို့နှစ်ဦးကို တက္ကသိုလ်ဝန်ထမ်းနှစ်ဦးက လာရောက်တားမြစ်ခဲ့ပြီးတော့ အပြန်အလှန်စကားပြောဆိုခဲ့ကြပါတယ်။ ဒီနောက်မှာ သူတို့နှစ်ဦးကို စိတ်ပျက်လက်ပျက်ဟန်နဲ့ ပြန်လည်ထွက်ခွာလာခဲ့တာကို တွေ့မြင်ခဲ့ရပြီးတော့ အစောပိုင်းလေ့ကျင့်နေစဉ်အတွင်းမှာ သူတို့နှစ်ဦးကို ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့မြင်ခဲ့ရပါတယ်။ 

ပရီးမီးယားလိဂ်ပွဲတွေကိုတော့ ဇွန်လတတိယပတ်လောက်မှာ ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိမှာ ကလပ်အသင်းတွေအနေနဲ့ ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဘရိုက်တန်ကစားသမားတွေကို ဆေးစစ်ခဲ့ရာမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ရလို့ စိုးရိမ်စရာအခြေအနေဖြစ်ခဲ့ရပြီး ကစားသမားတချို့က ပြန်လည်ကစားဖို့အတွက် ကြောက်ရွံ့နေတယ်လို့လည်း သိရပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က