ဗြိတိန်အနေနဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေဆဲပါ။
Win Kyaw Min

ယမန်နေ့အတည်ပြုထုတ်ပြန်ချက်များအရ ဗြိတိန်နိုင်ငံတွင် ကူးစက်ခံရသူအရေအတွက်မြင့်တက်လာခဲ့ပြီး သေ ဆုံးသူ ၂၃၃ဦးအထိရှိလာခဲ့တဲ့အတွက် အရေးပေါ်အခြေအနေတစ်ရပ်ကို ရင် ဆိုင်နေရတာလည်းဖြစ်ပါတယ်။

အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဟောင်းဖြစ်သူ အလန်ရှီးယားအနေနဲ့ အဆိုးရွားဆုံးအခြေအနေကို ရင်ဆိုင်နေရချိန် မှာ ရာနှုန်းပြည့်ပေးဆပ်လုပ်ဆောင်နေတဲ့ ဆေးဝန်ထမ်းအားလုံးက တိုင်းပြည်ရဲ့အမှန်စစ်စစ်သူရဲကောင်းတွေ သာဖြစ်တယ်လို့ ချီးကျူးမှတ်ချက်ပြုပြောဆိုခဲ့မှုကို thesun က ဖော်ပြလာပါတယ်။

မြို့တော်လန်ဒန်တွင်ရောဂါကူးစက်ခံထားရသူမြင့်တက်လာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာရဲ့ ၅ဝရာခိုင်နှုန်းနီး ပါးရှိနေတဲ့အခြေအနေကြောင့် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင်အားကစားပွဲစဉ်တွေအားလုံးကိုရွှေ့ဆိုင်း ထားရတာလည်းဖြစ်ပါတယ်။



“ ဘောလုံးနဲ့စွမ်းဆောင်နိုင်သူတွေကို မေ့လိုက်ပါ။ အားကစားနဲ့နိုင်ငံဂုဏ်ဆောင်ခဲ့သူတွေကို ခနထားလိုက်ပါ။ လက်ရှိမှာ တကယ့်သူရဲကောင်းစစ်စစ်က ဆေးဝန်ထမ်းတွေပါ။ အမျိုးသားကျန်းမာရေးဋ္ဌာနမှာ ပေးဆပ်လုပ် ဆောင်နေသူတိုင်းကို အသိအမှတ်ပြုရမယ့်အချိန်လည်းဖြစ်ပါတယ် ” လို့ အလန်ရှီးယားက ကျေးဇူးတင်စကား ဆိုခဲ့တာပါ။

ဥရောပတိုက်နိုင်ငံများရဲ့ ရောဂါကူးစက်ခံရမှုစာရင်းတွင် အဆင့်-၄နေရာမှာရှိနေတဲ့ ဗြိတိန်နိုင်ငံအနေနဲ့ မတ်လ ၂၃ရက်အတည်ပြုချက်များအရ ကူးစက်ခံထားရသူ ၅,၆၈၃ ယောက်အထိရှိနေခဲ့ပြီး ထိန်းချုပ်နိုင်ဖို့အတွက်အခ က်အခဲအချို့ရှိနေခဲ့တယ်လို့လည်း telegraph က ဖော်ပြထားပြန်ပါတယ်။

အလန်ရှီးယားအနေနဲ့ အမျိုးသားကျန်းမာရေးဋ္ဌာန (NHS) အတွက် လှူဒါန်းမှုများပြုလုပ်ပေးရန်တောင်းဆိုမှုများ လည်းပြုလုပ်ခဲ့ပြီးပူးပေါင်းပါဝင်ခဲ့ကြတဲ့ပရော်ဖက်ရှင်နယ်ကစားသမားအဖွဲ့အစည်းတွေကိုလည်းအသိအမှတ်ပြု ပြောဆိုခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


က္က