သူတို့ရဲ့ အမှားတွေကတဆင့် ဂိုးတွေပေးခဲ့ရပါတယ်။
Pyae Phyo Thein

ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရသူနှစ်ဦးဟာ လူပေးမှားယွင်းမှုတစ်ကြိမ်စီ ပြုလုပ်ခဲ့ပြီးနောက် အာဆင်နယ်က ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။


အာဆင်နယ်ကို ၂-၁ နဲ့ အဝေးကွင်းမှာ အရေးနိမ့်ခဲ့တဲ့ပွဲမှာတော့ လီဗာပူးလ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက် နဲ့ အယ်လစ်ဆန်တို့ဟာ အံ့အားသင့်စရာကောင်းလောက်တဲ့ အမှားတွေကို ကျူးလွန်ခဲ့ကြပါတယ်။ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရသူနှစ်ဦးဟာ လူပေးမှားယွင်းမှုတစ်ကြိမ်စီ ပြုလုပ်ခဲ့ပြီးနောက် အာဆင်နယ်က ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။

မာနေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပြီးနောက်မှာ ဗန်ဒိုက်က ကိုယ့်အသင်းဂိုးဧရိယာထိပ်နားမှာ ခံစစ်အတွဲဖော်နဲ့ အပေးအယူလုပ်နေခဲ့ပါတယ်။ နယ်လ်ဆင်က ဗန်ဒိုက်ကို ဖိအားပေးကာ ဘောလုံးလုယူဖို့ကြိုးစားခဲ့ရာမှာတော့ ဗန်ဒိုက်ဟာ ရှင်းထုတ်ဖို့မဆုံးဖြတ်ဘဲ နောက်ပြန်ပေးဖို့ ကြိုးစားခဲ့ရာမှာတော့ လာကာဇက်ဆီ ဘောလုံးရောက်သွားခဲ့ပြီး ပြင်သစ်ကစားသမားက အယ်လစ်ဆန်ကိုပါ လိမ်ခေါက်ပြိး ဂိုးသွင်းယူသွားခဲ့ပါတယ်။

ဗန်ဒိုက်ဘောလုံးရနေချိန်မှာ ဖာဘင်ဟိုကလည်း နေရာယူထားမှုမရှိခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဗန်ဒိုက်ဟာ ဂိုးသမားကိုပြန်ပေးလို့ရခဲ့ပေမယ့်လည်း ဖာဘင်ဟိုအနားမှာ လာကာဇက်ရှိနေတာတောင်မှ ဘောလုံးပေးပို့ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ခဲ့တာလားလို့ တွစ်တာပေါ်မှာ ပရိသတ်တွေက မေးခွန်းထုတ်နေကြပြီဖြစ်ပါတယ်။ 



အယ်လစ်ဆန်ဟာလည်း အသင်းဖော်ရဲ့ နောက်ပြန်ပေးပို့မှုကနေတဆင့် လူပြန်ပေးခဲ့ရာမှာ လိုရာကိုမရောက်ခဲ့ဘဲ လာကာဇက်က ကြားဖြတ်ယူခဲ့ကာ အကွက်ဆင်ဖန်တီးပေးခဲ့လို့ နယ်လ်ဆင်က ဧရိယာထဲကနေ အပို်င်ကန်သွင်းပြီး အနိုင်ဂိုးကိုသွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးပေးလိုက်ရချိန်မှာတော့ လီဗာပူးလ်နည်းပြကလော့ပ်ကို ပါးစပ်အဟောင်းသားနဲ့ မြင်တွေ့ခဲ့ရပါတယ်။ 



ချန်ပီယံလီဗာပူးလ်အသင်းအနေနဲ့ မမှားသင့်တဲ့ အမှားတွေကြောင့် အရှုံးပေးခဲ့ရတာဖြစ်ပြီး ဗန်ဒိုက်ကတော့ သူ့ရဲ့အမှားအတွက် ဝန်ခံစကားဆိုခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒိုက်ရဲ့ အမှားကျူးလွန်မှုဟာ ၂၀၁၀ တုန်းက ချယ်လ်ဆီးနဲ့ပွဲမှာ စတီဗင်ဂျရတ်ရဲ့ လူပေးမှားမှုကနေ ဒရော့ဘာက ဂိုးသွင်းယူခဲ့တာနဲ့ တူညီနေတယ်လို့ မှတ်ချက်ပြုမှုတွေလည်း ရှိနေခဲ့ပါတယ်။ 


Author


က္က