ယူနိုက်တက်အသင်းက အဆင့် ၄နေရာမှာ ရှိပါတယ်။

မန်စီးတီးအသင်းရဲ့ ကြွယ်ဝမှုက ယူရို ၁.၀၈ဘီလီယံရှိပြီး လီဗာပူးက ယူရို၁.၀၁ဘီလီယံရှိပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းများသည် ကမ္ဘာပေါ်မှာ ဘဏ္ဍာရေးအရ အတောင့်တင်းဆုံး ကလပ်အသင်းများ ဖြစ်ကြပါတယ်။



၂၀၁၉-၂၀ ဘောလုံးရာသီ ပြီးဆုံးသွားချိန်မှာတော့ လိဂ်အမှတ်ပေးဖလားကို လီဗာပူးအသင်းက အသင်းသမိုင်း တစ်လျှောက် နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သလို အောင်မြင်မှုအလိုက် ငွေကြေး ရရှိမှု တွေလည်း များစွာ ကွာခြားတတ်ကြပါတယ်။

လက်ရှိမှာတော့ Sportskeeda ရဲ့ ဖော်ပြချက်အရ ချန်ပီယံ ဖြစ်သွားတဲ့ လီဗာပူးအသင်းထက် မန်စီးတီးအသင်းက သာ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအရှိဆုံး ကလပ်အသင်းအဖြစ် ထိပ်ဆုံးက ရွေးချယ်ခံထားရပါတယ်။

မန်စီတီးအသင်းရဲ့ ကြွယ်ဝမှုကတော့ ယူရို၁.၀၈ဘီလီယံရှိတယ်လို့ ဖော်ပြထားပြီး လီဗာပူးကတော့ ယူရို ၁.၀၁ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ဒီနှစ်မှာ ၃နှစ်ဆက် ချန်ပီယံဖြစ်ရေးကို လက်လွှတ်ခဲ့ရပေမယ့် ၂၀၁၇-၁၈နဲ့ ၁၈-၁၉ ရာသီဆက်တိုက် ၂ကြိမ်ဆက် ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ဒီနှစ်မှာတော့ လိဂ်ဖလားကို ဆွတ်ခူးထားသလို ချန်ပီယံ လိဂ်မှာလည်း ကွာတားဖိုင်နယ်ကို တက်လှမ်းထားပါတယ်။၁၆သင်းအဆင့်မှာ ရီးရဲကို နှစ်ကျော့စလုံး အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ဒီလို နှစ်ကျော့စလုံးအနိုင်ယူနိုင်တာကတော့ ၂၀၀၉ခုနှစ်က မီလန် အသင်းပြီး ပထမဆုံးအသင်းလည်း ဖြစ်လာတယ်လို့ OptaJoe စစ်တမ်းက ဖော်ပြထားပါတယ်။

လီဗာပူးအသင်းကတော့ ဒီနှစ်မှာ ပရီးမီးယားလိဂ်ဆုဖလားကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဆွတ်ခူးခဲ့သလို မနှစ်ကလည်း ချန်ပီယံလိဂ်ဆုဖလားကို ၂၀၀၄ခုနှစ်နောက်ပိုင်း ပထမဆုံး ဆွတ်ခူးနိုင်ခဲ့ပါသေး တယ်။နည်းပြကလော့ပ်ရဲ့ အသင်းကို ပြောင်းလဲနိုင်စွမ်းက အံ့မခန်းဖြစ်ပြီး ဒီနှစ်မှာ ချန်ပီယံဆု ဆွတ်ခူးနိုင်တာက လည်း လိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံး ဆွတ်ခူးနိုင်ခြင်း ဖြစ်ပါတယ်။ လက်ကျန် ၇ပွဲအလိုမှာ ချန်ပီယံ သေချာ သွားတာဖြစ်ပြီး ၂၀၁၇-၁၈ က မန်ချက်စတာစီးတီးအသင်း ၅ပွဲအလို ချန်ပီယံဖြစ်ပြီးနောက်ပိုင်း အများဆုံး ဖြစ်ပါတယ်။

နောက်ထပ်အစဥ်လိုက် တန်ဖိုးအရှိဆုံးအသင်းတွေအဖြစ် ရပ်တည်နေတာကတော့ ချဲလ်ဆီး၊ယူနိုက်တက်၊စပါး၊ အာဆင်နယ်၊လက်စတာ၊အဲဗာတန်၊ဝုလ်နဲ့ဝက်စ်ဟမ်းအသင်းတို့ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က