ဆွမ်ဆီးကိုလည်း နောက်ကျဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။
Pyae Phyo Thein

လိဒ်ယူနိုက်တက်အနေနဲ့ ဒုတိယနေရာက ဝက်စ်ဘရွန်းအသင်းကို ၃ မှတ်ဖြတ်ထားခဲ့ပြီဖြစ်ကာ တတိယနေရာက ဘရန့်တ်ဖို့ဒ်ကိုတော့ ခြောက်မှတ်အထိ ဖြတ်ထားပြီး လက်ကျန်ပွဲစဉ်ကတော့ ၃ ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။


ဆွမ်ဆီးကို ပါဘလိုဟာနန်ဒက်ဇ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက် လိဒ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ကို တက်လှမ်းဖို့အတွက် အကောင်းဆုံးအခြေအနေကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ မှာမှ ဆွမ်ဆီးကစားသမားဟောင်းဖြစ်ခဲ့တဲ့ ဟာနန်ဒက်ဇ်က လိဒ်အတွက် အဖိုးတန်သွင်းဂိုးကို ရယူပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လိဒ်ယူနိုက်တက်အနေနဲ့ ဒုတိယနေရာက ဝက်စ်ဘရွန်းအသင်းကို ၃ မှတ်ဖြတ်ထားခဲ့ပြီဖြစ်ကာ တတိယနေရာက ဘရန့်တ်ဖို့ဒ်ကိုတော့ ခြောက်မှတ်အထိ ဖြတ်ထားပြီး လက်ကျန်ပွဲစဉ်ကတော့ ၃ ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ လိဒ်အနေနဲ့ ၂၀၀၄ မှာ တန်းဆင်းပြီးကတည်းက ပရီးမီးယားလိဂ်နဲ့ ဝေးကွာနေခဲ့တာ ၁၆ နှစ်အထိ ရှိနေခဲ့တာဖြစ်ပါတယ်။ 

နည်းပြဘီယဲလ်ဆာလက်အောက်မှာ ပြီးခဲ့တဲ့ရာသီကလည်း တန်းတက်နိုင်ဖို့အတွက် ပလေးအော့ကစားခွင့်ရခဲ့ပေမယ့်လည်း အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံရှစ်မှာတင်ကျန်နေခဲ့တာဖြစ်ပါတယ်။ လိဒ်ဟာ လက်ကျန်ပွဲတွေအဖြစ် ဘန်စ်လေ၊ ဒါဘီ နဲ့ ချာလ်တန်တို့နဲ့ ကစားသွားရမှာဖြစ်ပြီး အနည်းဆုံးလေးမှတ်ရရုံနဲ့ တန်းတက်နိုင်ပြီလည်းဖြစ်ပါတယ်။ 

လိဒ်နည်းပြဘီယဲလ်ဆာကတော့ "ကျွန်တော်တို့ ပိုပြီးတော့လန်းဆန်းလာသလိုခံစားရပါတယ်၊ ပိုပြီးတော့လည်း တောက်ပလာသလိုပါပဲ၊ ဒါပေမယ့် ကျွန်တော်တို့လုပ်စရာတွေရှိနေပါသေးတယ်၊ ပွဲပြီးခါနီးမှ ဂိုးရလိုက်တဲ့ ခံစားချက်က တော်တော်လေးပြင်းထန်ပါတယ်၊ ကျွန်တော်တို့ဂိုးရဖို့ ထိုက်တန်ခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော်တို့လိုချင်တဲ့ နောက်ဆုံးပန်းတိုင်ကိုရောက်မှ ကျွန်တော်အမှန်တကယ်ပျော်ရွှင်မိမှာပါ" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က