အီမာဆင်နဲ့အလွန်ဆိုကို ကမ်းလှမ်းဖို့ပြင်ဆင်နေခဲ့တာပါ။
Win Kyaw Min

ချဲလ်ဆီးကစားသမားအများစုကို ခေါ်ယူလိုနေခဲ့တာပါ။

အင်တာမီလန်အသင်းနည်းပြဖြစ်သူ ကွန်တီအနေနဲ့ ကစားသမားသစ်အများစုခေါ်ယူအားဖြည့်လိုနေခဲ့ ရာမှာ အသင်းဟောင်းချဲလ်ဆီးအသင်းရဲ့ ကစားသမားတွေကို ခေါ်ယူလိုနေခဲ့တယ်လို့ footballitalia ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခဲ့ဖူးတဲ့ နည်းပြကွန်တီဟာ လက်ရှိမှာလည်းချဲလ် ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ တိုက်စစ်မှူးလူကာကူ၊ တောင်ပံကစားသမားမော့ဆက်တို့ကိုခေါ် ယူအားဖြည့်ထားပြီးလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေမှာ ချဲလ်ဆီးနောက်တန်းကစားသမားတွေဖြစ်တဲ့အပြင်အီတလီစီးရီးအေအတွေ့ အကြုံရှိကစားသမားတွေဖြစ်တဲ့ စပိန်နောက်ခံလူမာကို့စ်အလွန်ဆိုနဲ့ အီတလီလက်ရွေးစင်နောက်ခံလူ အီမာဆန်တို့ကို ခေါ်ယူလိုနေခဲ့တာဖြစ်တယ်လို့လည်း foxsports က ဖော်ပြလာပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ နည်းပြကွန်တီအနေနဲ့ နောက်တန်းကစားသမားသစ်အချို့ကို ခေါ်ယူအားဖြည့်လိုနေတာဖြစ်ပြီး ပီအက်စ်ဂျီနောက်ခံလူ ကာဇာဝါအပါအဝင် အတွေ့အကြုံရှိနောက်ခံ လူအများစုကို ကမ်းလှမ်းမှုပြုလုပ်ဖို့ရှိနေခဲ့တာပါ။

နည်းပြကွန်တီအနေနဲ့ ပရီးမီးယားလိဂ်ကစားသမားအများစုကို ခေါ်ယူနေခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်အက်ရှ်လေယန်း၊ စပါးကွင်းလယ်ကစားသမားအဲရစ်ဆ င်တို့အပါအဝင် အပြောင်းအရွှေ့အတွက် ပေါင်သန်း ၁ဝဝကျော်အသုံးပြုပြီးဖြစ်ပါတယ်။


Author

  • Win Kyaw Min

က္က