loading...

loading...

loading...

အနည်းငယ်အသာစီးရရှိခဲ့တာပါ။
Pyae Phyo Thein

ပြီးခဲ့တဲ့ အပတ်ကပဲ ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီက အပြေးချန်ပီယံ အူစိန်ဘေ့ာရဲ့ စံချိန်ကို မိုနာကိုနဲ့ပွဲမှာ ကျော်ဖြတ်ပြခဲ့ပြီးနောက် မက်ဂ်လိုရီက ဘတ်ပီမြန်ဆန်အောင် ပြေးလွှားနိုင်ခဲ့ပါတယ်။

တိုင်လာမက်ဂ်လိုရီလို့ အမည်ရတဲ့ ဘလက်ဘန်းအသင်းရဲ့ နောက်ခံကစားသမားဟာ တစ်စက္ကန့်ကို ၁၀. ၆မီတာအထိ ပြေးလွှားနိုင်ခဲ့ပြီးနောက် ဘလက်ဘန်းအသင်းသမိုင်းမှာ အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီက အပြေးချန်ပီယံ အူစိန်ဘေ့ာရဲ့ စံချိန်ကို မိုနာကိုနဲ့ပွဲမှာ ကျော်ဖြတ်ပြခဲ့ပြီးနောက် မက်ဂ်လိုရီက ဘတ်ပီမြန်ဆန်အောင် ပြေးလွှားနိုင်ခဲ့ပါတယ်။

"ဘယ်သူ့မှ သူ့ကို နိုင်အောင် မပြေးနိုင်ပါဘူး" လို့ ဘလက်ဘန်းမန်နေဂျာ တိုနီမော်ဘာရီက အသက် (၂၀)အရွယ် ဗဟိုခံစစ်မှူးရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့လအတွင်းက ပြောဆိုခဲ့ပါတယ်။ မက်ဂ်လိုရီဟာ ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းကလည်း ၁၀.၂ မီတာနှုန်းနဲ့ ပြေးလွှားခဲ့ပြီး အသင်းတိုက်စစ်မှူးဟောင်း ဂျိုရှူအာကင်းရဲ့ စံချိန်ကို ချိုးဖျက်ခဲ့ပါသေးတယ်။

တိုင်လာမက်ဂ်လိုရီဟာ အသက် (၉)နှစ်အရွယ်ကတည်းက ဘလက်ဘန်းအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီးတော့ ဒူးအရွတ်ဒဏ်ရာစုတ်ပြဲဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူခဲ့ရပြီး ဒီရာသီအစောပိုင်းပွဲတွေကို လွဲချော်ခဲ့ပါသေးတယ်။ တိုင်လာက ဘလက်ဘန်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးတော့ လက်ရှိမှာ အသင်းကြီးအတွက် ပါဝင်ကစားပေးခွင့် ရရှိနေသူ ဖြစ်ပါတယ်။

"ကျွန်တော် ဒဏ်ရာရနေခဲ့တဲ့ အချိန်တွေက တော်တော်လေးခက်ခဲခဲ့ပါတယ်၊ အသင်းရဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ အချိန်တွေ ကုန်ဆုံးခဲ့ရပြီး သူက ကျွန်တော့်ကို အများကြီးကူညီပေးခဲ့ပါတယ်၊ ကျွန်တော် ခေါင်းအေးအေးထားဖို့ သူက ကူညီခဲ့ပြီး ဘောလုံးပြန်ကစားနိုင်ဖို့ အဆင်သင့်ဖြစ်လာအောင် သူက စွမ်းဆောင်ပေးခဲ့တာပါ" လို့ တိုင်လာ သူဒဏ်ရာရနေခဲ့တဲ့အချိန်တွေအကြောင်းကို Sky Sports နဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

ဘတ်ပီကတော့ အသင်းဟောင်းမိုနာကိုနဲ့ ပွဲစဉ်မှာ တစ်နာရီကို ၃၈ ကီလိုမီတာနှုန်းနဲ့ ပြေးလွှားနိုင်ခဲ့ပြီး ဂျမေကာအပြေးသမား အူစိန်ဘော့ရဲ့ ၂၀၀၉ ခုနှစ် ဘာလင်ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲက မီတာ (၁၀၀) ပြေးပွဲမှာ ရရှိခဲ့တဲ့ ၃၇.၅၈ ကီလိုမီတာနှုန်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီရဲ့ ပြေးနှုန်းကို မီတာနဲ့ တွက်ချက်မယ်ဆိုရင် တစ်စက္ကန့်ကို ၁၀.၅၅ မီတာနှုန်း ပြေးလွှားခဲ့တာဖြစ်ပြီး တိုင်လာက ၁၀.၆ မီတာနှုန်းနဲ့ အနည်းငယ်အသာစီးရရှိခဲ့တာဖြစ်ပါတယ်။


loading...

က္က