ယူနိုက်တက်နဲ့ ၄ နှစ်သက်တမ်းတိုးအပြီး ပြောလိုက်တာပါ။

၄ နှစ်သက်တမ်းတိုးစာချုပ်ကို ပြီးခဲ့တဲ့ အပတ်က ချုပ်ဆိုခဲ့ပြီး ဒီစာချုပ်က တစ်လောကလုံးကို သူဘာလုပ်နိုင်တယ်ဆိုတာ ပြသဖို့ ချုပ်ဆိုလိုက်တာလို့ မေဆန်ဂရင်းဝုဒ်ကပြောလိုက်တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၄ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ မေဆန်ဂရင်းဝုဒ်ကတော့ တစ်လောကလုံးကို သူဘာလုပ်ပြနိုင်လဲဆိုတာ ပြသမယ်လို့ ပြောလိုက်တဲ့အကြောင်း Sportskeeda သတင်းဌာ နက ဖော်ပြလာပါတယ်။



“ အသင်းကို ကျွန်တော်စွမ်းဆောင်နိုင်တာ အားလုံးပေးဆပ်ပြီး စွမ်းဆောင်ပေးသွားပါမယ်။ ကျွန်တော့်ရည်ရွယ် ချက်ကတောာ့တစ်လောကလုံးကို ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာ ပြသချင်တာပါ။ ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ဖြစ်တာပါ။” လို့ မန်ချက်စတာယူနိုက်တက် တရားဝင် ဝက်ဘ်ဆိုဒ်ကို ပြောလိုက်ပါတယ်။

အသ်က ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ မေဆန်ကို မန်ချက်စတာယူနိုက်တက်အသင်းက သူ့ရဲ့ ကစားသမားဘ၀ တရားဝင် ပရော်ဖက်ရှင်နယ် စာချုပ်ကို ပြီးခဲ့တဲ့အပတ်က ချုပ်ဆိုပေးခဲ့တာပါ။

မေဆန်ကတော့ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ၈၇ မိနစ်သာ ဒီရာသီ ပါဝင်ကစားပေး ထားနိုင်ပေမယ့် အင်္ဂလန် ယူ-၂၁ အသင်းရဲ့ လက်ရွေးစင် တစ်ဦးလည်း ဖြစ်ပါတယ်။

ဂရင်းဝုဒ်ရဲ့ ထူးခြားချက်ကတော့ ဘယ်သန် ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း ပင်နယ်တီ ကန်သွင်းရာမှာ တော့ ညာခြေကိုသာ အသုံးပြုတတ်တာ သူ ၁၃ နှစ်သားကတည်းကလို့ ဝန်ခံထားပါတယ်။



က္က