တစ်ဂိုးသွင်းနိုင်ပြီး အသင်းလည်း နိုင်တဲ့ပွဲတိုင်းတွက် ‌ပေါင် ၉၀၀၀ရပါတယ်။
Kyaw Ko Ko Sint

လက်ရှိမှာ အသင်းအတွက် ၄ ဂိုးသွင်းယူပေးထားနိုင်ပြီ ဖြစ်လို့ သွင်းဂိုးအပိုဆုကြေးအဖြစ် ၃၂၀၀၀ ရရှိနေပြီလို့ ဆိုရမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့အသစ်ခေါ်ယူငှားရမ်းထားတဲ့ ဝက်ဖို့ဒ်ကစားသမားဟောင်း နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလို ရရှိနေတဲ့ ဂိုးသွင်းတိုင်းရတဲ့ အပိုဆုကြေးပမာဏကို ထုတ်ပြန်ပေးခဲ့တယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။

အီဂါလိုက တစ်ဂိုးသွင်းတိုင်း ပေါင် ၈၀၀၀ အပိုဆုကြေးရရှိနေတာ ဖြစ်ပြီး လက်ရှိ ၈ ပွဲပါဝင်ပေးထားချိန်မှာ ၄ဂိုးထိ သွင်းထားနိုင်ပါတယ်။



အီဂါလိုအနေနဲ့ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းမှာမြင့်မားတဲ့ လစာတစ်ခုနဲ့ ကစားနေသော်လည်း ယူနိုက်တက်က အရေးပေါ် ကာလတိုအငှားနဲ့ ခေါ်ယူခဲ့ရာမှာတော့ မူလလစာထက် ၄၀ရာခိုင်နှုန်းနည်းပါးတဲ့ ပေါင် ၃သိန်းနဲ့ ယူနိုက်တက်မှာ ကစားနေတာလို့လည်း The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါပေမယ့်လည်း အီဂါလိုမှာ ယူနိုက်တက်နဲ့ အပိုဆုကြေး သဘောတူညီချက်များစွာရှိနေပြီး သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ပြီးအသင်းလည်း အနိုင်ရတဲ့ပွဲတိုင်းအတွက် ပေါင် ၉၀၀၀စီ အပိုဆုကြေးရတယ်လို့လည်း သိရပါတယ်။

အသက် ၃၀ အရွယ် အီဂါလိုအနေနဲ့ ပါဝင်ကစားပြီး သရေကျတဲ့ပွဲတိုင်းအတွက်လည်း ပေါင် ၃၀၀၀ စီရနေသေးတယ်လို့ ဆက်လက်သိရပါသေးတယ်။


Author


က္က