၁၀ပွဲကစား ၁၃ဂိုးသွင်းယူထားတဲ့ ယူနိုက်တက်အနေနဲ့ တစ်ပွဲပျှမ်းမျှ သွင်းဂိုး ၁ဂိုးအထက်သာရှိနေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်-၁၀တွင် နောဝစ်ချ်အသင်းကို ၁-၃ ဂိုးနဲ့အနိုင်ရရှိ ခဲ့တာပါ။

တိုက်စစ်မှူးများဂိုးပေါက်ပျောက်ဆုံးခြင်းနဲ့အတူ ဖိအားအချို့ရှိနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ နော၀ စ်ချ်ကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့အတွက် တစ်ပွဲတည်း သွင်းဂိုး ၃ဂိုးရရှိရေးကို ၂လကျော်ကြာေ စာင့်ဆိုင်းခဲ့ရပြီးတဲ့နောက် အဆုံးသတ်နိုင်ခဲ့တာကို Soccerway ရဲ့မှတ်တမ်းဖော်ပြချက်တွေအရသိရပါတယ်။

ယူနိုက်တက်အနေနဲ့ ချဲလ်ဆီးအသင်းကို ၄ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်-၁ နောက်ပိုင်း သွင်း ဂိုး ၃ဂိုးရရှိဖို့ရုန်းကန်ခဲ့ရပြီး နောဝစ်ချ်နဲ့ပွဲမတိုင်မီ ကစားခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာ သွင်းဂိုး ၃ဂိုးသာရရှိခဲ့တဲ့ အထိ တိုက်စစ်ပိုင်းလိုအပ်ချက်ရှိနေခဲ့တာပါ။



“ အသင်းအနေနဲ့လိုအပ်ချက်အချို့ရှိနေဆဲပါ။ ဒါပေမဲ့တိုက်စစ်ပိုင်းလိုအပ်ချက်ကို ပြင်ဆင်နိုင်မယ်ဆိုရင်လမ်း ကြောင်းမှန်ပေါ်ပြန်ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အချိန်အတိုင်းအတာတစ်ခုအတွင်း ရလဒ်ကောင်းတွေ ပြန်ရလာမှာပါ ” လို့ နည်းပြဆိုးလ်ရှားရဲ့ မှတ်ချက်ကိုလည်း Dailymail က ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်-၁၀အပြီးတွင် သွင်းဂိုး ၁၃ဂိုးသာရရှိထားတဲ့ ယူနိုက်တက်အနေနဲ့ သွင်းဂိုး ၃၂ဂိုးရရှိထားတဲ့ မန်စီးတီး၊ သွင်းဂိုး ၂၃ဂိုးစီရရှိထားတဲ့ ချဲလ်ဆီး၊ လီဗာပူးအသင်းတို့ထက် သွင်းဂိုးနည်းပါးနေခြင်းနဲ့အတူ တိုက်စ စ်ပိုင်းလိုအပ်ချက်မြင့်မားနေခဲ့တာပါ။

ဆက်စပ်သတင်းတွေအရ ယူနိုက်တက်နည်းပြဆိုးလ်ရှားအနေနဲ့ လက်ရှိတိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာရှ ယ်၊ ရက်ချ်ဖို့ဒ်အတွဲအပြင် လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးမူလာကို ခေါ်ယူဖို့ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။



က္က