loading...

loading...

loading...

လက်ရှိလုပ်ခလစာထက် ၂ ဆကို ကမ်းလှမ်းခံခဲ့ရတာပါ။
Kg Htet

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဟာရဲရားကို မန်ချက်စတာယူနိုက်တက်အသင်းက နောက်ဆုံးကမ်းလှမ်းမှုအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းကျော်ရရှိမယ့် စာချုပ်သစ်ကို ကမ်းလှမ်းခဲ့ပေမယ့် ဟာရဲရားက ငြင်းပယ်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာရဲရားဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ဟာရဲရားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လွန်ခဲ့တဲ့ ၁၈ လလောက်ကတည်းက ဟာရဲရားရဲ့ကိုယ်စားလှယ်နဲ့စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စကို ဆွေးနွေးခဲ့တာဖြစ်ပေမယ့် တိုးတက်မှု အနည်းငယ်သာရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားက ဟာရဲရားဟာ လက်ရှိအချိန်မှာ အသင်းမှာ မပါဝင်နိုင်မှုက စာချုပ်ချုပ်ဆိုဖို့အခြေအနေကို လွှမ်းမိုးမှုရှိနေတယ်ဆိုတာကို သိရှိနေပြီး ဟာရဲရားဟာ မန်ချက်စတာယူနိုက်တက်ဂျာစီကို ဝတ်ဆင်ဖို့ ၆ ပတ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

Forbes ရဲ့သတင်းအရ မန်ချက်စတာယူနိုက်တက်အသင်းက ဟာရဲရားကို နောက်ဆုံးကမ်းလှမ်းခဲ့တဲ့စာချုပ်သစ်မှာ တစ်ပတ်လုပ်ခပေါင် ၂ သိန်းထက်ပိုမိုတဲ့ပမာဏရရှိမယ်လို့ သိရပြီး ဟာရဲရားဟာ လက်ရှိရရှိနေတဲ့ လစာထက် ၂ ဆရရှိမှာဖြစ်ပေမယ့် ယင်းပမာဏထက် ပိုမိုလိုချင်နေတယ်လို့ သိရပါတယ်။


loading...

က္က