ကလပ်အသင်းလက်မဲ့ဖြစ်နေသူပါ။
Pyae Phyo Thein

ဒီနွေရာသီမှာ ဘန်လေနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်မှာ ဂျိုးဟတ်က သူ့ရဲ့ကစားသမားဘဝ အနာဂတ်အတွက် အသင်းသစ်တစ်သင်းကိုလိုအပ်နေခဲ့တာဖြစ်ပါတယ်။


ပရော်ဖက်ရှင်နယ်ကစားသမား ၁၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်နဲ့ မန်စီးတီးဂိုးသမားဟောင်း ဂျိုးဟတ်ဟာ အသင်းလက်မဲ့ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ ဒီနွေရာသီမှာ ဘန်လေနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးရင် ဂျိုးဟတ်က သူ့ရဲ့ကစားသမားဘဝ အနာဂတ်အတွက် အသင်းသစ်တစ်သင်းကိုလိုအပ်နေခဲ့တာဖြစ်ပါတယ်။

BBC နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာတော့ အသက် ၃၃ နှစ်အရွယ်ဂိုးသမားက သူ့ရဲ့အနာဂတ်အတွက် သူ့အပေါ်ကို တစ်ဦးဦးက ယုံကြည်မှုရှိိဖို့ လိုအပ်နေပြီလို့ သိမ်ငယ်စွာနဲ့ပြောဆိုခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း သူ့အတွက် ကြိးမားတဲ့လိုအပ်ချက်ရှိနေတယ်လို့ ဂျိုးဟတ်က ပြောဆိုခဲ့ပြီးတော့ ကစားသမားတစ်ဦးရဲ့ အဆုံးသတ်နေဝင်ချိန်မလှပမှုကို ဖွင့်ဟခဲ့ပါတယ်။ 

မန်စီးတီးနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အထိ ကစားပေးခဲ့ဖူးတဲ့ ဂျိုးဟတ်ဟာ ပရီးမီးယားလိဂ်မှာ အရန်ကစားသမားအဖြစ်နဲ့ ၁၈ လ ကျင်လည်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ကိုခေါ်ယူချင်တဲ့ ကလပ်အသင်းမရှိဖြစ်နေကာ ဂိုးသမားအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာခဲံပါတယ်။ 

"ကျွန်တော့်ကို တစ်စုံတစ်ယောက်က ယုံကြည်မှုပေးဖို့ လိုအပ်နေပါတယ်၊ အဲဒီအတွက်လည်း ကျွန်တော်ပြန်ပြီးတော့ ပေးဆပ်မှာပါ၊ ကျွန်တော့်အနေအထားက ကောင်းမွန်သေးတယ်လို့ ခံစားရပါတယ်၊ ပွဲကစားခွင့်ရဖို့အတွက် မျှော်လင့်နေပါသေးတယ်၊ စာရွက်ပေါ်မှာ မဟုတ်ပါဘူး၊ ကျွန်တော် မက်ဆီရဲ့ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့တုန်းက၊ အင်္ဂလန်အတွက် ကစားပေးတုန်းက ဘယ်လိုလက်စွမ်းလဲလို့ ကျွန်တော်မေးချင်ပါတယ်"

"အခုတော့ လူတွေက ကျွန်တော်ဘယ်လိုအမှားတွေကျူးလွန်လဲဆိုတာကိုပဲ အာရုံစိုက်နေပါတယ်၊ အထိမ်းအမှတ်ပွဲကစားခွင့်မရခဲ့ဘူး (မန်စီးတီးကိုရည်ရွယ်)၊ ခမ်းနားကြီးကျယ်မှုနဲ့အသင်းက မထွက်ခဲ့ရပါဘူး၊ ဒါပေမယ့် ပရိသတ်တွေ၊ ကလပ်အသင်းကလူတွေ၊ ကျွန်တော်မန်စီးတီးမှာရှိနေကတည်းက ရှိနေတဲ့လူတွေရဲ့ ပြုမူဆက်ဆံပုံထက် ပိုကောင်းတဲ့ ခံစားမှုမရှိပါဘူး" လို့ ဂျိုးဟတ်ကပြောခဲ့ပါတယ်။ 


Author


က္က