loading...

loading...

loading...

အနည်းဆုံး ၇ ဦးလောက် ပါဝင်သင့်တယ်လို့လည်း ပြောသွားပါတယ်။
Kyaw Ko Ko Sint

ပရော်ဖက်ရှင်နယ်ကစားသမားများအဖွဲ့အစည်းက ရွေးချယ်သတ်မှတ်တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ တစ်နှစ် တာအကောင်းဆုံးအသင်းမှာ လီဗာပူး ကစားသမား ၄ ဦးသာ ပါဝင်လာတဲ့အပေါ် နည်းပြ ကလော့ပ်က သူ့အ သင်းကသာ တစ်နှစ်တာ အကောင်းဆုံးအသင်းလို့ အမွှန်းတင်ပြောခဲ့တာပါ။

လီဗာပူးနည်းပြ ဂျာဂျင်ကလော့ပ်က မိမိတို့ လီဗာပူးအသင်းသာလျှင် တစ်နှစ်တာ အကောင်းဆုံးအသင်းဖြစ်ပြီး ယခုရွေးချယ်ထားတဲ့ စာရင်းမှာလည်း အနည်းဆုံး ၇ ဦးလောက်ထိ ပါဝင်သင့်တယ်လို့ ပြောသွားတဲ့အကြောင်း BBC SPORTကဖော်ပြလာပါတယ်။

ပရော်ဖက်ရှင်နယ် ကစားသမားများ အဖွဲ့အစည်းက ရွေးချယ်ခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာတော့ လီဗာပူးက မာနေး၊ဗန်ဒိုက်၊အာနိုးလ်နဲ့ ရော်ဘတ်ဆန်တု့ိ ၄ ဦးပါဝင်ခဲ့ပါတယ်။ မန်စီးတီးကတော့ ကစားသမား ၆ ဦးထိ ပါဝင်ခဲ့ပြီး အခြားတစ်ဦးကတော့ မန်ယူ ကွင်းလယ်လူ ပေါ့ဂ်ဘာ ပါဝင်လာခဲ့တာပါ။

“ ကျွန်တော့် အသင်းရဲ့ ကစားဟန်က ဒီနှစ်မှာ ထူးခြားပြောင်မြောက်ပါတယ်။ဒါကြောင့် တစ်သင်းလုံးမဟုတ် တောင် အနည်းဆုံး ၄ ဦးကနေ ၇ ဦးအထိ ပါဝင်သင့်တာပါ။ကျွန်တော့်အတွက်ကတော့ ဒီနှစ် တစ်နှစ်တာ အကောင်းဆုံးအသင်းကတော့ ကျွန်တော့ အသင်းပါပဲ” လို့ ကလော့ပ်က ဆိုလိုက်တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အသင်းတိုက်စစ်မှူး ဆာလာ မပါဝင်လာခဲ့တဲ့ အပေါ်မှာလည်း ကလော့ပ်က - “ ဆာလာအနေနဲ့ အခု စာရင်း ပါဝင်လာဖို့ ထိုကတန်မှု ရှိပါတယ်၊ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေနဲ့အတူ ဒီနှစ်မှာလည်း ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်နေဆဲပါ၊ ဝစ်ဂျ်နယ်ဒန်ဒီရာသီခြေစွမ်းက ပြီးပြည့်စုံသလို ဟန်ဒါဆန်လည်း ပါဝင်လာ သင့်ပါတယ်။” လို့ ကလော့ပ်က ဆက်လက်ပြောခဲ့ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ဒီနှစ်မှာ ပရီးမီးယားလိဂ်ဆု ချန်ပီယံဖြစ်ဖို့ မန်စီးတီးရဲ့ ခြေချော်မှုကို စောင့်ကြည့်ရတော့ မှာ ဖြစ်ပြီး လက်ကျန် ၃ ပွဲစလုံးကိုလည်း အနိုင်ကစားထားဖို့ လိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က