အသင်းဖော်ဟောင်းကို မဲပေးသွားကြမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ကစားသမားအချင်းချင်းမဲပေးရွေးချယ်မှုမှာ လီဗာပူးလ်ကစားသမားတချို့ဟာ မန်စီးတီးကစားသမား စတာလင်ကို မဲပေးဖွယ်ရှိတယ်လို့ သိရပါတယ်။

စတာလင်ဟာ မန်စီးတီးအတွက် ဒီရာသီမှာ အထူးခြေစွမ်း ပြသနေသူဖြစ်ပြီးတော့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။



နောက်ထပ်ရေပန်းစားနေတဲ့ ကစားသမားအဖြစ် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်လည်း ရှိနေခဲ့ပေမယ့်လည်း အသင်းဖော်အချင်းချင်း ရွေးချယ်မဲပေးခြင်းမလုပ်ရဘူးဆိုတဲ့ စည်းမျဉ်းကြောင့် လီဗာပူးလ်ကစားသမားတချို့ဟာ စတာလင်ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ အင်္ဂလန်သတင်းဌာနတစ်ခုဖြစ်တဲ့ Daily Mail က ဖော်ပြခဲ့ပါတယ်။

တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၂၀၀၅ ခုနှစ်မှာ ဂျွန်တယ်ရီက နောက်ခံကစားသမားတစ်ဦးအနေနဲ့ နောက်ဆုံးအကြိမ်ရရှိခဲ့ပြီး (၁၄)နှစ်အတွင်းမှာ ဗန်ဒိုက်က ပထမဆုံးအကြိမ် နောက်ခံလူတစ်ဦးအနေနဲ့ ဆွတ်ခူးဖို့လည်း ရေပန်းစားနေခဲ့ပါတယ်။ ဒီရာသီမှာ ဗန်ဒိုက်က

ီဗာပူးလ်အတွက် အကောင်းဆုံးခြေစွမ်းတွေကို ပြသနေခဲ့ပြီး အသင်းခံစစ်ပိုင်းကို ဦးဆောင်ပေးနေခဲ့ပါတယ်။

စတာလင်ကတော့ ၂၀၁၅ ခုနှစ်မှာ လီဗာပူးလ်ကနေ မန်စီးတီးကို ပေါင် (၄၉)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းမှာ အဓိကကစားသမားအဖြစ် စတာလင်က ခြေစွမ်းပြနိုင်ခဲ့ပြီး မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ၂၀၀၉ ခုနှစ် မှာ ယူနိုက်တက်က အမှတ်ပေးဖလားကို ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် မန်စီးတီးက ဒီနှစ်မှာလည်း အလားတူစွမ်းဆောင်နိုင်ဖို့အတွက် မျှော်လင့်နေနိုင်ခဲ့ပါတယ်။

မန်စီးတီးအတွက် ဒီရာသီမှာ စတာလင်က ပရီးမီးယားလိဂ်သွင်းဂိုး (၁၅)ဂိုးအထိ သွင်းယူပေးထားပြီး (၉)ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ပေးထားသူ ဖြစ်ပါတယ်။ အသက် (၂၄)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ မန်စီးတီးနဲ့အတူ လိဂ်ဖလားကိုလည်း ဆွတ်ခူးထားပြီး ဖြစ်သလို အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်၊ ချန်ပီယံလိဂ်မှာကွာတားဖိုင်နယ်ထိ ရောက်ရှိနေပြီး ဖလား (၄)လုံး ရရှိဖို့ မျှော်လင့်နိုင်နေပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က