ရာသီကုန်အထိ အသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ခဲ့ကြတာပါ။
Kg Htet

ချယ်ဆီးအသင်းဟာ ယခုလကုန် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်မစတင်မီမှာ နည်းပြဆာရီကို နည်းပြရာထူးကနေ ထုတ်ပယ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဆာရီဟာ ချယ်ဆီးအသင်းအတွက် ထိရောက်တဲ့ အကျိုးသက်ရောက်မှုမျိုး မပြသနိုင်တာကြောင့် အနာဂတ်မရေမရာဖြစ်နေသူဖြစ်ပါတယ်။

ယမန်နေ့က အဲဗာတန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ချယ်ဆီးအသင်းဟာ ထိပ်ဆုံး ၄ နေရာကနေ ၃ မှတ်ကွာဟသွားခဲ့တာကြောင့် နည်းပြဆာရီအတွက် နိုင်ငံတကာပွဲစဉ်နားရက်တွေမှာ ဖိအားတွေနဲ့ နေထိုင်ရတော့မှာပါ။



ချယ်ဆီးအသင်းဟာ ယခုရာသီနောက်ဆုံးအပတ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အထူးသဖြင့် ယူရိုပါလိဂ်နဲ့ လိဂ်ရပ်တည်မှုနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေကို တွေ့ကြုံရမှာဖြစ်ပါတယ်။ မကြာသေးမီက ချယ်ဆီးအသင်းအနေနဲ့ ဆာရီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာ ဆုံးဖြတ်ချက်မျိုးကို ရာသီမကုန်ခင်အထိ ပြုလုပ်မှာမဟုတ်ဘူးလို့ မျှော်လင့်ခဲ့ရပါတယ်။

ဒါပေမယ့် Express ရဲ့ဖော်ပြချက်အရ ဆာရီဟာ နိုင်ငံတကာပွဲစဉ်အားလပ်ချိန်အတွင်းမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ချယ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က ဆာရီကို နိုင်ငံတကာပွဲစဉ် အားလပ်ချိန်အတွင်းမှာ ထုတ်ပယ်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်မစတင်မီမှာ နည်းပြသစ်ရှာဖွေဖို့ အချိန်ရရှိလိမ့်မယ်လို့ သိနေတာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ မတ်လ ၃၁ ရက်နေ့မှာ ကာဒစ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး တကယ်လို့ နိုင်ငံတကာပွဲစဉ်အားလပ်ချိန်အတွင်း နည်းပြသစ် ရှာဖွေနိုင်ခဲ့ခြင်းမရှိဘူးဆိုရင်တော့ ရာသီကုန်အထိ ယာယီနည်းပြတစ်ဦးကို ခန့်အပ်သွားဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က